လီဗာပူးကို ရှုံးနိမ့်သွားစေမဲ့ ဖာနန်ဒက်ရဲ့ဂိုးကန်သွင်းချက်ကို ခေါင်းငုံ့ရှောင်ခဲ့လို့ လီဗာပူးပရိတ်သတ်တွေရဲ့ဝေဖန်ခြင်းကိုခံနေရတဲ့ အယ်ကန်တာရာ

အက်ဖ်အေဖလား စတုတ္ထအဆင့်အနေနဲ့ ကစားခဲ့တဲ့ မန်ယူ-လီဗာပူးပွဲစဉ်က ၃-၂ နဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်။ မန်ယူနိုက်တက်တို့ အနိုင်ရခဲ့ကာ ဖာနန်ဒက်ရဲကဖရီးကစ်အနိုင်ဂိုးက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ပွဲချိန်အတွင်းမှာ နှစ်သင်းလုံး အပြန်အလှန်ထိုးဖောက်မှုတွေရခဲ့ပေမဲ့ မန်ယူနိုက်တက်အသင်းကအခွင့်အရေး ပိုနည်းခဲ့ပါတယ်။ ကောင်တာထိုးဖောက်မှုတွေကနေတဆင့် ရလာတဲ့အခွင့်အရေးတချို့ကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး၊ (၂-၁)ဖြစ်လာချိန်မှာ မိုဆာလားက ချေပဂိုးကိုသွင်းယူသွားခဲ့ပါတယ်။ ဆက်ကစားခဲ့ကြချိန် ၇၈ မိနစ်အရောက်မှာ ကန်တန်ကောင်းအနေအထားကနေ မန်ယူနိုက်တက်တို့ ဖရီးကစ်ရခဲ့ပြီး၊ ဘရူနိုဖာနန်ဒက်က သွင်းယူဖို့ …

Read More

ပရီးမီးယားလိဂ်သမိုင်းတလျှောက်အနိုင်ဂိုးသွင်းမှု အများဆုံး ကစားသမား ၁၀ ဦး

ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးသွင်းတဲ့ ကစားသမားတွေအများကြီးရှိပေမဲ့ ပွဲစဉ်ကို အနိုင်ဂိုးဖြစ်စေတဲ့ သွင်းဂိုးရှင်တွေက သီးသန့်ရှိနေပါတယ်။ (၂-၁)လိုပွဲစဉ်တွေမှာ အနိုင်သုံးမှတ်ရအောင်သွင်းသွားစေခဲ့တဲ့ ဂိုးသွင်းရှင်တွေကို သီးသန့်စာရင်းပြုစုခဲ့ပြီး၊ တချိန်က နယူးကာဆယ်အသင်းရဲ့တိုက်စစ်မှူးကြီး အလန်ရှီးယားက ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။ အလန်ရှီးယားက ပရီးမီးယားလိဂ်မှာ တသက်တာဂိုးသွင်းအများဆုံး ကစားသမားအနေဲ့ရပ်တည်ထားသူပါ။ ဘလက်ဘန်းနဲ့ နယူးကာဆယ်တွေမှာကစားခဲ့တဲ့ အလန်ရှီးယားအနေနဲ့ သူ့ရဲ့ သွင်းဂိုး ၂၆၀ မှာ အနိုင်သုံးမှတ်ကို ပြောင်းလဲသွားအောင်ထိ လုပ်ပေးထားတဲ့ …

Read More

ကစားသမားမာတင်အိုဒီဂတ်ကိုခေါ်ဖို့ အာဆင်နယ်အသင်း ငွေဘယ်လောက်သုံးခဲ့ရလဲ

အာဆင်နယ်အသင်းနဲ့ ရီးရဲလ်အသင်းကြားချိတ်ဆက်မှုတခုအနေနဲ့ မကြာခင်မှာ ဖြစ်ပေါ်လာဖို့ရှိနေပါတယ်။ မာတင်အိုဒီဂတ်ကို ၆ လအငှားနဲ့ ဇွန်လကုန်ထိခေါ်ယူဖို့ရှိနေပြီး၊ ဆီဘယ်လော့စ်ပြီးနောက် ဒုတိယကစားသမားအဖြစ် ရီးရဲလ်ကနေ အငှားခေါ်မှာဖြစ်ပါတယ်။ ဥရောပအသင်းတွေကြားရေပန်းစားနေတဲ့ နော်ဝေသားဟာ ဒီနှစ်ရာသီမှာ ၇ ပွဲပဲကစားထားရသေးတဲ့အတွက် ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းကို အလိုရှိနေပါတယ်။ နည်းပြ အာတေတာနဲ့ ကိုယ်တိုင်ဖုန်းဆက်ပြောကြားပြီးချိန်မှာတော့ ရီးရဲလ်ဆိုစီဒက်အစား အာဆင်နယ်အသင်းကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပြီး၊ လန်ဒန်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ အငှားခြောက်လပဲဖြစ်ပေမဲ့ ရီးရဲလ်ကစားသမားတွေရဲ့ထုံးစံအတိုင်း ပြောင်းရွှေ့ကြေးက …

Read More

လီဗာပူး၊ မန်ယူ၊ ချဲလ်ဆီး ပရီးမီးယားလိဂ်သမိုင်းမှာ အိမ်ကွင်းရှုံးပွဲမရှိဆုံးက ဘယ်အသင်းတွေလဲ

လေးနှစ်နီးပါးလောက်ကြာတဲ့ လီဗာပူးရဲ့ အိမ်ကွင်းရှုံးပွဲမရှိစံချိန်က ဘန်လေအသင်းရဲ့ တဂိုးတည်းအောက်မှာ ပျက်သွားခဲ့ရပါတယ်။ အခွင့်အရေးတွေအများကြီးရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တဲ့အပြင် လီဗာပူးရဲ့တိုက်စစ်ဂိုးကံခေခဲ့တဲ့အချက်ကလည်း ပွဲကိုအဆုံးအဖြစ်ပေးသွားခဲ့ပါတယ်။ ၆၈ ပွဲလောက်လုံးဝရှုံးပွဲမရှိတဲ့ စံချိန်ကို ချိုးဖျက်ခံလိုက်ရတာပါ။ ဒါပေမဲ့ လီဗာပူးရဲ့အိမ်ကွင်းရှုံးပွဲမရှိစံချိန်က အကောင်းဆုံးတော့မဟုတ်သေးပါဘူး။ သူ့အရင် ချဲလ်ဆီးအသင်းရှိခဲ့ပြီး၊ လက်ရှိစပါးနည်းပြ မော်ရင်ဟိုတင်ထားခဲ့တဲ့ စံချိန်တခုလည်းဖြစ်ပါတယ်။ အချိန်ကာလအနေနဲ့ ၂၀၀၄ ခုနှစ်ရာသီတုန်းကစပါတယ်။ မော်ရင်ဟိုမကိုင်ခင်ရာရီရေးနီလက်ထက်မှာ ချဲလ်ဆီးက လေးပွဲအိမ်ကွင်းနိုင် ၂ ပွဲသရေနဲ့ …

Read More

မန်ယူနိုက်အသင်းနဲ့စာချုပ်သက်တမ်းမတိုးဘဲ ထွက်ခွာဖို့ပြင်ထားပေမဲ့ အနာဂတ်ကို ပြန်ဆုံးဖြတ်ဖို့စဉ်းစားထားပြီဆိုတဲ့ ပေါ့ဘာ

မန်ယူနိုက်တက်ကွင်းလယ်ကစားသမား ပေါ့ဘာတယောက် အသင်းနဲ့စာချုပ်သစ်မတိုးဘဲ ထွက်ခွာဖို့ပြင်ဆင်ထားပြီလို့ အတိအလင်းပြောကြားထားပါတယ်။ အေ့ဂျင့်ရွိုင်အိုလာကလည်း ကစားသမားအတွက် အသင်းနဲ့ သူ့အကြားညှိနှိုင်းမှုမှာ အဆင်မပြေဘဲ ကစားသမားကို ရောင်းရင်ရောင်း၊ မရောင်းလည်း စာချုပ်သစ်မချုပ်တော့ဘူးလို့ဆိုထားပါတယ်။ ပေါ့ဘာနဲ့ မန်ယူနိုက်တက်ကြား စာချုပ်က နောက်နှစ်နွေမှ ကုန်ဆုံးမှာဖြစ်တဲ့အတွက် ဒီနှစ်နွေရာသီမှာ ကစားသမားကိုရောင်းချဖို့ အေ့ဂျင့်က တောင်းဆိုထားပါတယ်။ ကိုယ်တိုင်ကလည်း ရီးရဲလ်ကိုသွားချင်နေပေမဲ့ နည်းပြဇီဒန်းက ကစားသမားကိုခေါ်ယူဖို့ စိတ်ကူးမရှိဘဲ အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတယ်လို့ပဲ …

Read More

ညီမဖြစ်သူရဲ့မွေးနေ့ပွဲကျိန်စာဆိုးကြီးကိုကျော်လွှားဖို့ နေမာကို ခွင့်သီးသန့်ပေးမယ့် ပိုချက်တီနို

ပီအက်စ်ဂျီကိုကိုင်တွယ်တဲ့အချိန်မှာ သူများနည်းပြတွေနဲ့မတူတဲ့ ကိစ္စရပ်တခုကို ပိုချက်တီနိုစဉ်းစားနေရပါတယ်။ သူ့ရဲ့ကစားသမား နေမာအတွက်သီးသန့်ခွင့်တခုပေးဖို့ စီစဉ်နေတာဖြစ်ပြီး၊ တခြားအသင်းတွေမှာမရှိတတ်တဲ့ ခွင့်ပုံစံပါ။ နေမာကို သူ့ညီမမွေးနေ့ပွဲသွားဖို့အတွက် အသင်းရဲ့ဘယ်ကစားသမားကိုမှ မပေးတဲ့ခွင့်ပုံစံတခုပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ နေမာရဲ့ညီမမွေးနေ့ကျိန်စာဆိုးက (၂၀၁၅)ခုနှစ်လောက်က၂၀၁၇တင်ခဲ့တာလို့ဆိုနိုင်ပါတယ်။ မတ်ချ်လ ၁၁ ရက်နေ့လောက်ပတ်ချာလည်မှာ နေ့မာရဲ့ညီမ ရာဖယ်လာ ဆန်းတို့စ်ရဲ့မွေးနေ့က ကျရောက်တတ်ပါတယ်။ နေမာက သူ့ညီမမွေးနေ့ရှိတိုင်း ဘရာဇီးလ်ကိုပြန်လေ့ရှိပြီး၊ ညီမနဲ့အတူတူ မွေးနေ့ပွဲဆင်နွဲတတ်ပါတယ်။ ဘာစီလိုနာမှာရှိတုန်းကဆိုရင် တမင်ကိုရအောင်ပြန်တာပါ။ …

Read More

ဂိုးတိုင်နားမှာမဆင်မခြင် သေးသွားပေါက်ခဲ့လို့ ပွဲပယ်ခံခဲ့ရတဲ့ နည်းပြ

ဖောရက်စ်ရိန်းဂျားဆိုတဲ့ ဇင်ဘာဘွေ စူပါလိဂ်အသင်းက ဂိုးနည်းပြ တဦးဟာ ပွဲပြယ်ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ ပရစ်ဆန်လီယိုပတ်ဆိုတဲ့အသင်းနဲ့ မကန်ခင်မှာ ဂိုးတိုင်နားကို သေးသွားပေါက်ခဲ့လို့ဖြစ်ပြီး၊ ဒီဖြစ်ရပ်ကို သိခဲ့တဲ့ ဇင်ဘာဘွေဘောလုံးအဖွဲ့ချုပ်က နည်းပြကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဖြစ်ရပ်ကဒုတိယပိုင်းစခါနီးအချိန်မှာ ဂိုးနည်းပြ ချားလက်စ်က ဂိုးတိုင်နားကိုသွားပြီး၊ ဘာမှန်းမသိတဲ့ အရည်တွေဖြန်းခဲ့ပါတယ်။ နောက်တော့ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ပြိုင်ဘက်အသင်းဂိုးသမားနေရာယူရမယ့်ဂိုးတိုင်နားကို သွားကာ တိုင်အကွယ်လေးမှာ သေးပေါက်ခဲ့တာပါ။ ဒီဖြစ်ရပ်ကို ပရိသတ်ထဲကတယောက်က ဖုန်းနဲ့မှတ်တမ်းယူထားနိုင်ခဲ့ပါတယ်။ …

Read More

ဗန်ဒိုက်ဒဏ်ရာရနေချိန်မှာ ပရီးမီးယားလိဂ်အကောင်းဆုံးနောက်ခံလူကို ရွေးပေးခဲ့တဲ့မန်စီးတီးပရိသတ်များ

မန်စီးတီးအသင်းပရိသတ်တွေက ချဲလ်ဆီးကို (၃-၁)နဲ့နိုင်လိုက်အပြီးမှာ တက်ကြွနေပါတယ်။ ကမ္ဘာ့အကောင်းဆုံးပရီးမီးယားလိဂ်နောက်ခံလူကို ရွေးထုတ်တဲ့အထိ ပျော်ရွှင်နေကြပြီး၊ သူတို့ရွေးချယ်လိုက်တဲ့ ကစားသမားဟာ ပရီးမီးယားလိဂ်မှာ အတော်ဆုံးလို့တောင် ချီးကျူးနေကြပါတယ်။ မန်စီးတီးပရိသတ်တွေက တွစ်တာမှာ ကမ့်ပိန်းအနေနဲ့လုပ်ခဲ့တာပါ။ သဘောတူရင် မျှဝေဖို့ မန်စီးတီးပရိသတ်တွေလုပ်ခဲ့တဲ့အကြောင်းအရာမှာ ဗန်ဒိုက်ဒဏ်ရာရနေချိန်၊ အကောင်းဆုံးဗဟိုနောက်ခံလူဟာ ဘယ်သူဖြစ်မလဲလို့ အမေးအဖြေကဏ္ဍတွေလုပ်ခဲ့ပါတယ်။ ရူဘင်ဒိုင်ယက်ကို ရွေးချယ်ခဲ့ပြီး၊ ဘင်ဖီကာကနေ ပေါင်သန်း (၆၀)နဲ့ ပြောင်းလာတဲ့ ကစားသမားဟာ လက်ရှိပရီးမီးယားလိဂ်အကောင်းဆုံး …

Read More

ကမ္ဘာ့ထိပ်တန်းလစာအများဆုံး (၁၀)ဦးစာရင်းထဲ မပါတဲ့ ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနို

ပိုချက်တီနိုကို ပြီးခဲ့တဲ့ စနေနေ့က ပီအက်စ်ဂျီဟာ နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အသင်းနည်းပြ တူချယ်ကို ထုတ်ပယ်လိုက်ပြီး၊နှစ်ရက်အကြာမှာပဲ သတင်းထွက်နေတဲ့အတိုင်း ခန့်အပ်ခဲ့သလို ပရိသတ်တွေမထင်မှတ်ထားတဲ့ နှစ်အကန့်အသတ်နဲ့ပဲ ချုပ်ခဲ့တဲ့အတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ (၁)နှစ်ခွဲစာချုပ်၊ ၁၈ လတည်း သဘောတူညီခဲ့ပြီး၊ ပီအက်စ်ဂျီနဲ့ ပိုချက်တီနိုဟာ တဦးနဲ့တဦး သဘောတူညီချက်က စောင့်ကြည့်တဲ့အနေအထားလို့ သုံးသပ်ခဲ့ပါတယ်။ စပါး၊ ဆောက်သမ်တန်တို့လို အသင်းတွေကို ထိပ်တန်းရောက်အောင် ဆွဲတင်နိုင်ခဲ့တဲ့ …

Read More

စပါးကစားသမားသုံးယောက်နဲ့ ဝက်စ်ဟမ်းကစားသမား တယောက်တို့ ကိုဗစ်စည်းကမ်းတွေချိုးဖောက်ခဲ့

စပါးအသင်းကစားသမားသုံးယောက်နဲ့ ဝက်စ်ဟမ်းကစားသမား မန်နူရယ် လာဇီနီတို့လေးယောက်ဟာ အစိုးရက သတ်မှတ်ထားတဲ့ အဆင့် (၄)ကိုဗစ် စည်းကမ်းသတ်မှတ်ချက်ကို ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။ သူတို့လေးဦးရဲ့ အင်စတာဂရမ်မှာတင်ထားတဲ့ပို့စ်အရ ဒီစည်းကမ်းချိုးဖောက်ခဲ့တာကို တွေ့ရပါတယ်။ လာဇီနီနဲ့အတူတူ ရှိနေတာက လိုဆယ်လို၊ ရီဂူလွန်၊ လာမယ်လာ သုံးဦးပါ။ သူငယ်ချင်းတဦးရဲ့ နယူးရီယားပါတီမှာရှိနေတာဖြစ်ပြီး၊ အသိတယောက်က လေးယောက် အတူတူပါနေတဲ့ပုံကို တင်လိုက်ပါတယ်။ အရွယ်ရောက်နေသူ ၁၁ ယောက်၊ …

Read More