လမ်းဘေးမှာဈေးရောင်းကာ ဝမ်းရေဖြေရှင်းနေရတဲ့ သူတွေကို အာဟာရဒါနပြုအလှူလေးပြုလုပ်ခဲ့တဲ့ ဆီနွန်

ပရိသတ်ကြီးရေ ဆီနွန်ကတော့ ဒီနေ့ ဇန်နဝါရီလ (၁၇)ရက်နေ့မှာ အာဟာရဒါနပြုတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဆီနွန်က ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ဖြစ်ပေမဲ့ မြန်မာနိုင်ငံကို အနုပညာအလုပ်တွေလုပ်ကိုင်ဖို့ ရောက်ရှိနေခဲ့တာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးရှိနေခဲ့ပြီး အလှူအတန်းတွေကိုလည်း မရေမတွက်နိုင်လောက်အောင်ကို ပြုလုပ်နေခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ငယ်စဉ်က ခက်ခဲတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာကြောင့် ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ သူတွေကို တတ်နိုင်သလောက်လိုက်လံကူညီနေခဲ့တာပါ။ ဒီနေ့မှာလည်း ရန်ကုန်မြို့ရဲ့ လမ်းဘေးတွေမှာ …

Read More

ဒလအမှိုက်ပုံမှာ စွန့်ပစ်ခံရတဲ့ သားလေးကို ကုန်းတစ်တန်ရေတစ်တန်နဲ့ အောင်မြင်စွာသွားရောက်ခေါ်ဆောင်ခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ဒီနေ့ ဇန်နဝါရီလ (၁၅)ရက်နေ့မှာ သူ့ရဲ့ ဂေဟာမှာ (၄၄)ယောက်မြောက်အနေနဲ့ မွေးစားမယ့် ကလေးငယ်လေးကို သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။ ဒီနေ့မှာ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ခိုင်နှင်းဝေရဲ့ (၄၄)ယောက်မြောက်သားလေးကတော့ ဒလအမှိုက်ပုံမှာ ချက်ကြိုးတန်းလန်းနဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ဒလအထိ ကုန်းတစ်တန် ရေတစ်တန်နဲ့ ကို ကိုယ်တိုင်သွားရောက်ခေါ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။ ကလေးရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့လည်း “ကလေးက ပေါင် မပြည့်ပဲ …

Read More

မွေးပြီးပြီးချင်း ဒလအမှိုက်ပုံမှာ စွန့်ပစ်ခံထားရတဲ့ သားလေးကို ထပ်မံကယ်ဆယ်ခဲ့ပြန်တဲ့ ခိုင်နှင်းဝေ

ဖြူစင်တဲ့ပရဟိတနှလုံးသာလေးကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေအားလုံး လေးစားချစ်ခင်နေရတဲ့ ခိုင်နှင်းဝေဆိုတာ ဒိတ်ဒိတ်ကြဲမင်းသမီးလေးတစ်လက်ပါပဲနော်။ အခုအချိန်မှာဆိုရင်သူမဟာ လူမှုကူညီရေးပရဟိတလေးတွေတင်သာမက မိဘမဲ့ ကလေးလေးတွေအတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေနဲ့ စွမ်းသလောက်စောင့်ရှောက်မှုတွေပေးနေခဲ့ပါတယ်နော်။ ခိုင်နှင်းဝေကတော့ “ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ”ဆိုပြီး ဂေဟာလေးတစ်ခုကိုတည်ထောင်ထားကာ အကူအညီလိုအပ်နေတဲ့ကလေးလေးတွေကို မေတ္တာနဲ့ဖေးမပြီး နွေးထွေးတဲ့ရင်ခွင်တစ်စုံကိုပေးကာ စောင့်ရှောက်ပေးနေတာပါ ။ကလေးလေးတွေရဲ့ ပညာရေး ကျန်းမာရေး စတဲ့ ကိစ္စအ၀၀မှန်သမျှကို ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစုပျိုးထောင်ပေးနေတာကိုတွေ့ရပါတယ်နော်။ အကြောင်းအမျိုးမျိုးကြောင့်စွန့်ပစ်ခံရတဲ့ ကလေးလေးတွေကို …

Read More

ကား (၅) စီးဆင့်တိုက်ခဲ့ပေမယ့်လည်း အသက်အန္တရာယ်က လွတ်မြောက်ခဲ့တဲ့ ဦးကျော်သူ

ဇန်နဝါရီ ၁၃ရက်နေ့ ဒီနေ့မှာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဖြစ်တဲ့ သရုပ်ဆောင် ဦးကျော် သူ ကားငါးစီးဆင့် တိုက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့သိရပါတယ် ။ ဒီနေ့ နာရေးကူညီမှုလမ်းကြောင်း ရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိဖြတ်လမ်းရှိသောနေရာတွင် ကားရှင်းရင် တစ်ဖက်လမ်းကို ကူးဖို့အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနဲ့ လိုက်ထရပ်ကားကို နောက်မှ အဝေးပြေးခရီးသည် တင်ကားတစ်စီးက တိုက်သွားခဲ့တာဖြစ်ပါတယ် ။ ရှေ့ဆုံးမှာ ရပ်နေတဲ့ကားက …

Read More

အနုပညာအလုပ်တွေကြိုးစားပြီး မိခင်ဖြစ်သူအတွက် စိန်နားကပ်တစ်ရံ ကန်တော့ခဲ့တဲ့ ခင်ရတနာစိုး

ပရိသတ်ကြီးရေ .. The Voice Myanmar ပြိုင်ပွဲ ကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ ခင်ရတနာစိုးကတော့ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခဲ့ပြီဖြစ်ပါတယ် ။ လတ်တလောမှာတော့ ကိုဗစ်ကာလကြီးမှာ Show တွေမဆိုနိုင်သေးပေမယ့်လည်း Live Sale လေးတွေရောင်းချပြီးရတဲ့အနုပညာကြေးနဲ့ မိခင်ဖြစ်သူကို ပြန်လည်ကျေးဇူးဆပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ဟိုး ငယ်ငယ်လေးကထဲက မိခင်ဖြစ်သူ ကိုသီချင်းဆိုရင်းပိုက်ဆံရှာပြီး ကန်တော့ခဲ့ပေမယ့် …

Read More

Covid ရှိမရှိကို ရင်တခုန်ခုန်နဲ့အစစ်ဆေးခံနေတဲ့ မြင့်မြတ်ရဲ့ ဗီဒီယိုဖိုင်လေး

ချစ်ပရိသတ်ကြီးရေ မြင့်မြတ်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် စိတ်သဘောမနောလည်း ကောင်းတာကြောင့် ပရိသတ်တွေက လေးစားချစ်ခင်နေရတာပါ။ ကျရာဇာတ်ရုပ်တိုင်းကို သဘာဝကျပီပြင်အောင် အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မြင့်မြတ်က ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာလည်းဖြစ်ပါတယ်။ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ဒါ့အပြင် အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကြောင့်အားလုံးက အားကျချစ်ခင်နေရတာပါ။ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေရပ်နားထားရပေမယ့်လည်း အခုမှာတော့ ရိုက်ကူးရေးတွေပြန်လည်စနေပြီလည်းသိရပါတယ်။ အခုလည်း ခရီးထွက်ရန် ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးခံနေတဲ့ ဗီဒီယိုလေးနဲ့အတူ …

Read More

အသက်(၁၈) ပြည့်မွေးနေ့အဖြစ် သံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့တဲ့ တေးသံရှင် မေသက်ထားဆွေ

အသံချိုချိုလေးနဲ့ သီချင်းဆိုကောင်းပြီး သူမ အသံကိုကြားလိုက်ရတာနဲ့ အားလုံးရဲ့ ရင်ထဲကို အေးချမ်းသွားစေတဲ့ အသံပိုင်ရှင်လေးကတော့ မေသက်ထားဆွေဆိုတဲ့ ဆယ်ကျော်သက် အဆိုတော်မလေးပဲဖြစ်ပါတယ် ။ ဒီနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့ကတော့ အဆိုတော် တော် မေသက်ထားဆွေရဲ့ အသက် (၁၈) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ ..။ မေသက်ထားဆွေက သူမရဲ့ မွေးနေ့အမှတ်တရအဖြစ် အလှူလေးတစ်ခုကိုလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ် …

Read More

နှစ်ဦးကုသိုလ်အနေနဲ့ တရားစခန်းဝင်ရောက်ခဲ့တဲ့ ဝတ်မှုံရွှေရည်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ နှစ်ဦးကုသိုလ်လေးအနေနဲ့ အောင်ဇမ္ဗူတောရ ကျောင်းတိုက်မှာ တရားစခန်း (၃)ရက်ဝင်ရောက်ကုသိုလ်ယူခဲ့ပါတယ်။ တရားစခန်းဝင်ရောက်တဲ့ ကုသိုလ်လေးအပြင် စေတီတစ်ဆူကိုလည်း ပြုပြင်လှူဒါန်းခဲ့တဲ့အလှူလေးကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ရွှေကစ်လေးကတော့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကလည်း ရေဦးမြို့မှာ စေတီတစ်ဆူလှူဒါန်းခဲ့ပြီး အခုဒုတိယအကြိမ်အနေနဲ့ အောင်ဇမ္ဗူဆရာတော်ဘုရားကြီးရဲ့ လမ်းညွှန်စောင့်ရှောက်မှုကို ခံယူကာ မန်လည်မှာရှိတဲ့ အလောင်းစည်သူမင်း တည်ထားခဲ့တဲ့ဘုရားအဆူ (၄၀)ထဲက တစ်ဆူကို ပြန်လည်ပြုပြင် …

Read More

ထင်မှတ်မထားတဲ့ပုံစံတွေနဲ့ အူတက်အောင်ရယ်နေရတဲ့ သိန်းလင်းစိုးနဲ့ စည်သူဝင်းတို့ရဲ့ အခွီဗီဒီယို

Double Dating Program ကို စီစဉ်ရိုက်ကူးနေကြတဲ့ အဖွဲ့သားတွေဖြစ်တဲ့ သိန်းလင်းစိုးနဲ့ စည်သူဝင်းတို့နှစ်ယောက်သား ပရိသတ်တွေရယ်မောပျော်ရွှင်ရအောင် အခွီဗီဒီယိုလေး ရိုက်ကူးခဲ့ပါတယ်။ စည်သူဝင်းတဲ့ချစ်သူတွေလိုပုံစံမျိုး ကြင်ကြင်နာနာ ဖက်ထားခဲ့ပြီး ရုတ်မရက်ထင်မှတ်မထားတဲ့အချိန်မှာ သိန်းလင်းစိုးတစ်ယောက် စည်သူဝင်းရဲ့ရင်ခွင်ထဲကနေ ဖြတ်ခနဲ လှည့်ကြည့်လိုက်ချိန်ဟာ မရယ်ဘဲမနေနိုင်လောက်အောင်ပါပဲ။ ပရိသတ်တွေကိုရသမျိုးစုံပေးနိုင်အောင်ဖန်တီးတင်ဆက်ပေးနေကြသူတွေဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း ရယ်မောပျော်ရွှင်ရအောင် လုပ်ပေးခဲ့ကြပြန်ပါပြီ။ ဖန်တီးသူတွေရော ကြည့်ရှုသူတွေရော ထပ်တူပျော်ရတဲ့ ချစ်စရာဗီဒီယိုလေးတစ်ခုပါ။ အောင်မင်းခန့်နဲ့ ယွန်းယွန်း၊ …

Read More

မရှိခဏဆရာတော်ကို နေ့ဆွမ်းကပ်လှူခဲ့တဲ့ နေထက်လင်းတို့မိသားစု

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသားကြီးနေထက်လင်းကတော့ ဒီနေ့မှာ မိသားစုစုံစုံလင်လင်နဲ့ ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့ပါတယ်။ နေထက်လင်းတို့ မိသားစုက ဒီနေ့ ဇန်နဝါရီလ (၁၀)ရက်မှာ ရန်ကုန်မြို့အလိုတော်ပြည့်ကျောင်းတိုက်မှာ မရှိခဏ ဆရာတော်ဘုရားကြီးကို ဆွမ်းကပ်လှူခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကလည်း နေထက်လင်းတို့ မိသားစုက စစ်ဘေးရှောင်ပြည်သူတွေအတွက် အနွေးထည်အထည်ရေ (၅၀၀)တိတိကိုလည်း အလိုတော်ပြည့်ကျောင်းဆရာတော်ထံကနေ တစ်ဆင့်လှူဒါန်းပေးခဲ့ပါသေးတယ်။ ဒီတစ်ခေါက်ပြုလုပ်တဲ့ ဆွမ်းကပ်အလှူလေးကိုလည်း နေထက်လင်းတို့မိသားစုက မိသားစုစုံစုံလင်လင်နဲ့ စိတ်တူကိုယ်တူ အလှူဒါနပြုခဲ့တာပဲဖြစ်ပါတယ်။ …

Read More