လီဗာပူးကို ရှုံးနိမ့်သွားစေမဲ့ ဖာနန်ဒက်ရဲ့ဂိုးကန်သွင်းချက်ကို ခေါင်းငုံ့ရှောင်ခဲ့လို့ လီဗာပူးပရိတ်သတ်တွေရဲ့ဝေဖန်ခြင်းကိုခံနေရတဲ့ အယ်ကန်တာရာ

အက်ဖ်အေဖလား စတုတ္ထအဆင့်အနေနဲ့ ကစားခဲ့တဲ့ မန်ယူ-လီဗာပူးပွဲစဉ်က ၃-၂ နဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်။ မန်ယူနိုက်တက်တို့ အနိုင်ရခဲ့ကာ ဖာနန်ဒက်ရဲကဖရီးကစ်အနိုင်ဂိုးက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ပွဲချိန်အတွင်းမှာ နှစ်သင်းလုံး အပြန်အလှန်ထိုးဖောက်မှုတွေရခဲ့ပေမဲ့ မန်ယူနိုက်တက်အသင်းကအခွင့်အရေး ပိုနည်းခဲ့ပါတယ်။ ကောင်တာထိုးဖောက်မှုတွေကနေတဆင့် ရလာတဲ့အခွင့်အရေးတချို့ကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး၊ (၂-၁)ဖြစ်လာချိန်မှာ မိုဆာလားက ချေပဂိုးကိုသွင်းယူသွားခဲ့ပါတယ်။

ဆက်ကစားခဲ့ကြချိန် ၇၈ မိနစ်အရောက်မှာ ကန်တန်ကောင်းအနေအထားကနေ မန်ယူနိုက်တက်တို့ ဖရီးကစ်ရခဲ့ပြီး၊ ဘရူနိုဖာနန်ဒက်က သွင်းယူဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဂိုးအဖြစ်ပြောင်းလဲသွားချိန်မှာတော့ ၃-၂ နဲ့ကို ဦးဆောင်နိုင်ခဲ့ကာ ပွဲပြီးတဲ့အထိ အနိုင်ရလဒ်ကို ထိန်းသွားနိုင်ခဲ့ပါတယ်။

အနိုင်ရလဒ်ကိုအဓိကဖြစ်လာစေမယ့် ဖာနန်ဒက်ရဲ့ဂိုးက ပရိသတ်တွေကို အထူးဖမ်းစားနိုင်ခဲ့ပေမဲ့ တကယ်တမ်းဂိုးဝင်သွားခဲ့တာမှာ ဖာနန်ဒက်ကြောင့်ချည်းမဟုတ်ခဲ့ပါဘူး။ ဝေါကာထားတဲ့ ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာတယောက် ဖရီးကစ်ကို ခေါင်းငုံ့ရှောင်လိုက်တာကြောင့်လည်းပါပါတယ်။

မျက်နှာတည့်တည့်ကိုဝင်လာနေတဲ့ ဘောလုံးကို အထိခံရမယ့်အစား ခေါင်းငုံ့ရှောင်လိုက်ချိန်မှာ ဘောလုံးက ဂိုးပေါက်ထဲတန်သွားကာ ဂိုးအဖြစ်ပြောင်းလဲခဲ့ပါတယ်။ ဒီဂိုးကို မြင်လိုက်ချိန်မှာ သတင်းတင်ဆက်သူ ကွတ်တလေက ” အကယ်လို့ သီယာဂိုသာ ခေါင်းငုံ့မရှောင်လိုက်ဘူးဆိုရင် အကူအညီဖြစ်ပါလိမ့်မယ်။

” ဖရီးကစ်ကိုကာဖို့ ထားရဲ့သားနဲ့ အခုလိုလုပ်လိုက်တာကို ကလော့ပ်တွေ့ခဲ့ရင် တော်တော်လေးဒေါသထွက်နေမှာပါ” လို့ ဆိုခဲ့ပါတယ်။ အယ်ကန်တာရာဟာ ပြောခဲ့တဲ့အတိုင်း ခေါင်းငုံ့ခဲ့ချိန် ဘောလုံးက ခေါင်းပေါ်က ကျော်သွားခဲ့ကာ ဂိုးအဖြစ်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

CRD-AZ-SportsGabar