အချစ်ရဆုံးခွေးလေး ပျောက်သွားလို့ လိုက်ရှာစဉ်၊ မရှုမလှမြင်ကွင်းကို တွေ့လိုက်ရတဲ့ပိုင်ရှင်

စင်္ကာပူနိုင်ငံ၊ [email protected] မှာနေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ့ အချစ်ရဆုံးခွေးလေး ပျောက်သွားလို့ လိုက်ရှာစဉ်မှာပဲ လုံးဝမထင်မှတ်ထားတဲ့ မြင်ကွင်းကို တွေ့လိုက်ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၈)ရက် တနင်္လာနေ့က ဖြစ်ပျက်ခဲ့တာပါ။ အိမ်ကနေ ခွေးလေးပျောက်သွားလို့ တကြော်ကြော်အော်ခေါ်ခဲ့ပေမယ့် အကြောင်းမထူးခဲ့ပါဘူး။

သူမရဲ့ခွေးလေးအမည်ကတော့ Mia ဖြစ်ပါတယ်။ Pomeranian မျိုးနွယ် ခွေးလေးတစ်ကောင်ဖြစ်ပြီး၊ ပိုင်ရှင်ကတော့ သြစတေးလျနိုင်ငံသား၊ စင်္ကာပူမှာ အခြေချနေနိုင်သူဖြစ်ပြီး၊ အသက်(၃၉)နှစ် ဖြစ်ပါတယ်။ သူမဟာ ခွေးလေးကို မတွေ့လို့ ရုံးသွားတဲ့ ခင်ပွန်းကို ဖုန်းလှမ်းဆက်မေးပါတယ်။ ခွေးလေးကို ရုံးကို ခေါ်သွားလားဆိုပြီး မေးခဲ့ပေမယ့် ခင်ပွန်းက သူ ခေါ်မသွားကြောင်း ပြောခဲ့ပါတယ်။

ဒီလိုနဲ့ ထပ်မြင့်လူနေအဆောက်ဦပတ်ပတ်လည်မှာ Mia ရဲ့အမည်ကို အော်ခေါ်ရင်း လိုက်ရှာခဲ့ရာ၊ ဘယ်လိုမှ မတွေ့ခဲ့ပါဘူူး။ သူမ သိပ်မဝေးတဲ့ အဆောက်ဦနောက်ကျောဘက်ကို ဆက်သွားပြီး ရှာခဲ့ရာမှာတော့ မထင်မှတ်တဲ့မြင်ကွင်းက ဆီးကြိုနေတာပါ။ Mia ကို အရှည်(၁၀)ပေနီးရှိတဲ့မြွေကြီးက ရစ်ခွေထားပြီး၊ ဦးခေါင်းတစ်ဝက်ကိုတောင် မျိုထားပြီးပါပြီ။

သူမကို ဒေသခံသတင်းစာတစ်စောင်က လာရောက်အင်တာဗျူးခဲ့ပါတယ်။ ပိုင်ရှင်အမျိုးသမီးက သူမအနေနဲ့ ဒီမြင်ကွင်းကို မြင်ပြီးတော့ (၅)မိနစ်လောက်ဘာစကားမှမပြောနိုင်ဘဲ စွံ့အနေတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှ သူမ အနီးအနားကလူတွေကို သွားရောက်အကူအညီတောင်းခဲ့တာပါ။ အဆောက်ဦအာဏာပိုင်အဖွဲ့ကလည်း-

Animals Concerns Research and Education Society (Acres) အဖွဲ့ကို ခေါ်ပြီးအကူအညီတောင်းခဲ့ပါတယ်။ တကယ်က စပါးအုံးမြွေကြီးကိုယ်တိုင်က တွင်းထဲမှာ ပိတ်မိနေတာဖြစ်ပြီး၊ Acres အဖွဲ့ရောက်လာချိန်မှာ သူ့ရဲ့ခန္ဓာကိုယ် (၃)ပုံနှစ်ပုံသာ မြင်ရတယ်လို့ ဆိုပါတယ်။ ခွေးလေးကို ကယ်တင်ဖို့ အချိန်(၂)နာရီကနေ (၃)နာရီအထိ ယူခဲ့ရတယ်လို့ ဆိုပါတယ်။

ခွေးမလေးကိုတော့ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ပိုင်ရှင်အမျိုးသမီးရဲ့အဆိုအရ သူမနဲ့ ခွေးမလေး Mia ဟာ (၇)နှစ်ကြာ အတူတူနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သြစတေးလျမှာကတည်းက အတူတူနေခဲ့တာဖြစ်ပြီး၊ အခုတော့ သူမ အတော်လေး ခံစားရတယ်လို့ ဆိုပါတယ်။ သူတို့မိသားစုဟာ စင်္ကာပူကိုရောက်တာ (၂)လသာရှိပါသေးသတဲ့။

CRD-လင်းဇော်ကို,Ref ; AsiaOne