ကစားသမားမာတင်အိုဒီဂတ်ကိုခေါ်ဖို့ အာဆင်နယ်အသင်း ငွေဘယ်လောက်သုံးခဲ့ရလဲ

အာဆင်နယ်အသင်းနဲ့ ရီးရဲလ်အသင်းကြားချိတ်ဆက်မှုတခုအနေနဲ့ မကြာခင်မှာ ဖြစ်ပေါ်လာဖို့ရှိနေပါတယ်။ မာတင်အိုဒီဂတ်ကို ၆ လအငှားနဲ့ ဇွန်လကုန်ထိခေါ်ယူဖို့ရှိနေပြီး၊ ဆီဘယ်လော့စ်ပြီးနောက် ဒုတိယကစားသမားအဖြစ် ရီးရဲလ်ကနေ အငှားခေါ်မှာဖြစ်ပါတယ်။
ဥရောပအသင်းတွေကြားရေပန်းစားနေတဲ့ နော်ဝေသားဟာ ဒီနှစ်ရာသီမှာ ၇ ပွဲပဲကစားထားရသေးတဲ့အတွက် ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းကို အလိုရှိနေပါတယ်။ နည်းပြ အာတေတာနဲ့ ကိုယ်တိုင်ဖုန်းဆက်ပြောကြားပြီးချိန်မှာတော့ ရီးရဲလ်ဆိုစီဒက်အစား အာဆင်နယ်အသင်းကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပြီး၊ လန်ဒန်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။

အငှားခြောက်လပဲဖြစ်ပေမဲ့ ရီးရဲလ်ကစားသမားတွေရဲ့ထုံးစံအတိုင်း ပြောင်းရွှေ့ကြေးက မြောက်ပါတယ်။ စပိန်သတင်းဌာန အယ်ကွန်ဖိဒန်ဒယ်နဲ့ မယ်ရာသတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ အိုဒီဂတ်ကိုအငှားခေါ်ဖို့အတွက် လုပ်ခလစာအမြင့်တခုကို ပေးချေခဲ့ရပါတယ်။

အိုဒီဂတ်ဟာ လက်ရှိရီးရဲလ်မှာ တပတ်ကို ပေါင် ၃၈၀၀၀ ရနေသူပါ။ ဒီအနေအထားကိုဖြေရှင်းဖို့ အာဆင်နယ်ဟာ အိုဒီဂတ်ရီးရဲလ်မှာရနေမယ့်လစာအပြင် စုစုပေါင်း ပေါင်တသိန်းအထိရှိမယ့်လစာပမာဏကိုပေးသွားမယ်လို့သိရပါတယ်။ ဒါဟာ တပတ်ကိုပေါင်တသိန်းနှုန်းနဲ့ အိုဒီဂတ်အတွက် စုစုပေါင်း ပေါင် ၂.၄ သန်းအထိကုန်ကျမှာဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ အိုဒီဂတ်ကို အငှားခေါ်ယူခအနေနဲ့ ပေါင် ၂ သန်းပေးချေမှာပါ။ စုစုပေါင်းကုန်ကျငွေ ပေါင် ၄.၄ သန်းအထိရှိမှာဖြစ်ပါတယ်။ ဒါဟာ ၆ လအငှားစာချုပ်ပဲဖြစ်ပြီး၊ ၂၂ နှစ်သားတယောက်အတွက် အာဆင်နယ်သုံးစွဲမယ့် ပမာဏဖြစ်ပါတယ်။ အခုလိုမျိုး အငှားခေါ်ယူတာဟာ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွေ့သုံးစွဲခွင့်စရိတ်ကြောင့်လို့လည်းသိရပါတယ်။

CRD-AZ-SportsGabar