လီဗာပူး၊ မန်ယူ၊ ချဲလ်ဆီး ပရီးမီးယားလိဂ်သမိုင်းမှာ အိမ်ကွင်းရှုံးပွဲမရှိဆုံးက ဘယ်အသင်းတွေလဲ

လေးနှစ်နီးပါးလောက်ကြာတဲ့ လီဗာပူးရဲ့ အိမ်ကွင်းရှုံးပွဲမရှိစံချိန်က ဘန်လေအသင်းရဲ့ တဂိုးတည်းအောက်မှာ ပျက်သွားခဲ့ရပါတယ်။ အခွင့်အရေးတွေအများကြီးရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တဲ့အပြင် လီဗာပူးရဲ့တိုက်စစ်ဂိုးကံခေခဲ့တဲ့အချက်ကလည်း ပွဲကိုအဆုံးအဖြစ်ပေးသွားခဲ့ပါတယ်။ ၆၈ ပွဲလောက်လုံးဝရှုံးပွဲမရှိတဲ့ စံချိန်ကို ချိုးဖျက်ခံလိုက်ရတာပါ။

ဒါပေမဲ့ လီဗာပူးရဲ့အိမ်ကွင်းရှုံးပွဲမရှိစံချိန်က အကောင်းဆုံးတော့မဟုတ်သေးပါဘူး။ သူ့အရင် ချဲလ်ဆီးအသင်းရှိခဲ့ပြီး၊ လက်ရှိစပါးနည်းပြ မော်ရင်ဟိုတင်ထားခဲ့တဲ့ စံချိန်တခုလည်းဖြစ်ပါတယ်။ အချိန်ကာလအနေနဲ့ ၂၀၀၄ ခုနှစ်ရာသီတုန်းကစပါတယ်။ မော်ရင်ဟိုမကိုင်ခင်ရာရီရေးနီလက်ထက်မှာ ချဲလ်ဆီးက လေးပွဲအိမ်ကွင်းနိုင် ၂ ပွဲသရေနဲ့ အစပြုထားပါတယ်။

နောက်ရာသီစတော့ မော်ရင်ဟိုဆက်ကိုင်ချိန်ကစလို့ လုံးဝမရှုံးတော့ပါဘူး။ ပရီးမီးယာလိဂ်ဖလား နှစ်နှစ်ဆက်ရတဲ့အပြင် မော်ရင်ဟိုကိုထုတ်ပြီး၊ ဂရန့်၊ စကိုလာရီကို ကိုင်တွယ်ခိုင်တဲ့အချိန်ထိ စံချိန်က ဆက်နေခဲ့ပါတယ်။ စံချိန်စတာက ၂၀၀၄ မတ်ချ်လကစကာ အဆုံးသတ်ချိန်က ၂၀၀၈ အောက်တိုဘာလအထိ စုစုပေါင်း လေးနှစ်ကျော်ကြာခဲ့ပါတယ်။

၈၆ ပွဲအထိ မရှုံးခဲတဲ့ စံချိန်ကို ရပ်တန့်လိုက်တာက လက်ရှိဘန်လေကို ရှုံးသွားတဲ့ လီဗာပူးပဲဖြစ်ပါတယ်။ ဝ-၁ ရလဒ်နဲ့ပဲ ချဲလ်ဆီးတို့ရှုံးသွားတာပါ။ လီဗာပူးက ဂိုးသွင်းတာမျိုးတော့မဟုတ်ဘဲ ဘော့ဆင်ဝါ တယောက် ကိုယ့်ဂိုးကိုယ်သွင်းခဲ့ချိန်၊ ချဲလ်ဆီးတို့ ပြန်မကမ်းဘက်နိုင်တော့ဘဲ နှစ်ရှည်လများထိန်းခဲ့ရတဲ့ စံချိန်တခုကျိုးပျက်သွားခဲ့ပါတယ်။

လက်ရှိ လီဗာပူးရှုံးတာက ၆၈ ပွဲမြောက်မှာဖြစ်တဲ့အတွက် ပွဲအရေအတွက် ၁၈ ပွဲတိတိလိုပါသေးတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းအကောင်းဆုံးစံချိန်ကိုတော့ မချိုးဖျက်နိုင်ခဲ့ဘူးလို့ ဆိုရမှာပါပဲ။

CRD-AZ-SportsGabar