မန်ယူနိုက်အသင်းနဲ့စာချုပ်သက်တမ်းမတိုးဘဲ ထွက်ခွာဖို့ပြင်ထားပေမဲ့ အနာဂတ်ကို ပြန်ဆုံးဖြတ်ဖို့စဉ်းစားထားပြီဆိုတဲ့ ပေါ့ဘာ

မန်ယူနိုက်တက်ကွင်းလယ်ကစားသမား ပေါ့ဘာတယောက် အသင်းနဲ့စာချုပ်သစ်မတိုးဘဲ ထွက်ခွာဖို့ပြင်ဆင်ထားပြီလို့ အတိအလင်းပြောကြားထားပါတယ်။ အေ့ဂျင့်ရွိုင်အိုလာကလည်း ကစားသမားအတွက် အသင်းနဲ့ သူ့အကြားညှိနှိုင်းမှုမှာ အဆင်မပြေဘဲ ကစားသမားကို ရောင်းရင်ရောင်း၊ မရောင်းလည်း စာချုပ်သစ်မချုပ်တော့ဘူးလို့ဆိုထားပါတယ်။

ပေါ့ဘာနဲ့ မန်ယူနိုက်တက်ကြား စာချုပ်က နောက်နှစ်နွေမှ ကုန်ဆုံးမှာဖြစ်တဲ့အတွက် ဒီနှစ်နွေရာသီမှာ ကစားသမားကိုရောင်းချဖို့ အေ့ဂျင့်က တောင်းဆိုထားပါတယ်။ ကိုယ်တိုင်ကလည်း ရီးရဲလ်ကိုသွားချင်နေပေမဲ့ နည်းပြဇီဒန်းက ကစားသမားကိုခေါ်ယူဖို့ စိတ်ကူးမရှိဘဲ အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတယ်လို့ပဲ မယုတ်မလွတ် ဖြေကြားထားပါတယ်။

ဒီအနေအထားတွေကြောင့် ပေါ့ဘာဟာ အသင်းကထွက်ခွာဖို့ကို မစဉ်းစားတော့ဘဲ လက်ရှိအတိုင်းပုံမှန်ပွဲထွက်ခွင့်သာရရင် အသင်းမှာဆက်နေဖို့ စဉ်းစားထားတယ်လို့ ဒေးလီးမေးက ဖော်ပြလာပါတယ်။ နွေရာသီမှာ စာချုပ်သစ်ပြန်ဆွေးနွေးဖို့ အလိုရှိနေပြီး၊ ပုံမှန်ပွဲထွက်ခွင့်နဲ့ ညှိနှိုင်းထားတဲ့အချက်တွေကို အသင်းကလိုက်လျောပေးရင် စာချုပ်သစ်ချုပ်ဖို့ကိုပါ ဆန္ဒရှိနေပါတယ်။

ဒါ့အပြင် မန်ယူနိုက်တက်က ရောင်းချရင်လည်းလက်ခံမှာဖြစ်တဲ့အပြင် စာချုပ်ကုန်တဲ့အထိ ကစားပြီး၊ အလွတ်ကြေးနဲ့ဖြစ်တဲ့အထိ ကစားသွားရမယ်ဆိုရင်လည်းဖြစ်တယ်လို့ သတင်းဌာနကဆိုပါတယ်။ အခုလိုမျိုးဆုံးဖြတ်ကို နွေရာသီမှ ပြန်ဆုံးဖြတ်ဖို့ရှိနေတာက လက်ရှိယူနိုက်တက်ရဲ့ အမှတ်ပေးဖလားအပေါ် ချိန်ရွယ်လာတာကြောင့်လို့လည်းသိရပါတယ်။

ရာသီကုန်အမှတ်ပေးဖလားအပေါ် ပစ်မှတ်ထားနေပြီး၊ အသင်းကလိုအပ်တဲ့ ပံ့ပိုးမှုတွေထပ်လုပ်ပေးသွားရင် စာချုပ်သစ်ကိုဆွေးနွေးမှာဖြစ်ပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်နေတဲ့အပြင် ကိုယ်တိုင်က ပွဲထွက်နေရတဲအ့ပေါ် အခုလိုမျိုး စာချုပ်သစ်ကို ဆွေးနွေးဖို့ ပြန်စဉ်းစားနေတာလည်းဖြစ်ပါတယ်။

CRD-AZ-SportsGabar