ဂိုးတိုင်နားမှာမဆင်မခြင် သေးသွားပေါက်ခဲ့လို့ ပွဲပယ်ခံခဲ့ရတဲ့ နည်းပြ

ဖောရက်စ်ရိန်းဂျားဆိုတဲ့ ဇင်ဘာဘွေ စူပါလိဂ်အသင်းက ဂိုးနည်းပြ တဦးဟာ ပွဲပြယ်ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ ပရစ်ဆန်လီယိုပတ်ဆိုတဲ့အသင်းနဲ့ မကန်ခင်မှာ ဂိုးတိုင်နားကို သေးသွားပေါက်ခဲ့လို့ဖြစ်ပြီး၊ ဒီဖြစ်ရပ်ကို သိခဲ့တဲ့ ဇင်ဘာဘွေဘောလုံးအဖွဲ့ချုပ်က နည်းပြကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဖြစ်ရပ်ကဒုတိယပိုင်းစခါနီးအချိန်မှာ ဂိုးနည်းပြ ချားလက်စ်က ဂိုးတိုင်နားကိုသွားပြီး၊ ဘာမှန်းမသိတဲ့ အရည်တွေဖြန်းခဲ့ပါတယ်။ နောက်တော့ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ပြိုင်ဘက်အသင်းဂိုးသမားနေရာယူရမယ့်ဂိုးတိုင်နားကို သွားကာ တိုင်အကွယ်လေးမှာ သေးပေါက်ခဲ့တာပါ။ ဒီဖြစ်ရပ်ကို ပရိသတ်ထဲကတယောက်က ဖုန်းနဲ့မှတ်တမ်းယူထားနိုင်ခဲ့ပါတယ်။

နောက်တော့ ပွဲစဖို့ ကစားသမားတွေကွင်းထဲ ပြန်ဝင်လာချိန်၊ လုံခြုံရေးတွေက ချားလက်စ်အနားကိုသွားပြီး၊ မင်းသေးပေါက်ခဲ့တာလားလို့ မေးခဲ့ပါတယ်။ သူဘာမှမလုပ်ကြောင်း ငြင်းဆိုခဲ့တဲ့အတွက် လုံခြုံရေးတွေကလည်း ကွင်းထဲကထွက်သွားဖို့ပဲပြောခဲ့ပါတယ်။ ထွက်သွားပြီးချိန်မှာ ချားလက်စ်တယောက်သေးပေါက်ခဲ့တာကို သက်သေဗီဒီယိုဖိုင်နဲ့တကွမိခဲ့ပါတယ်။

အဖြစ်အပျက်က ဇန်နဝါရီလ ၁၈ ရက်နေ့က ကစားခဲ့တဲ့ ဇင်ဘာဘွေ စူပါလိဂ်ပွဲမှာဖြစ်တဲ့အတွက် အဖွဲ့ချုပ်ကနေ အရေးယူဖို့ဖြစ်လာပါတယ်။ ဒီနှစ်ဘောလုံးရာသီတရာသီလုံးစာ သူ့ရဲ့နည်းပြလိုင်စင်ကိုပိတ်သိမ်းလိုက်ပြီး၊ ဂိုးနည်းပြခွင့်ကို ရာသီကုန်အထိရပ်ဆိုင်းလိုက်ပါတယ်။ ဒီလိုအရေးယူခဲ့တာက ဘောလုံးဥပဒေတွေမှာ ပြဌာန်းထားတဲ့ အရေးယူချက်တွေနဲ့မဟုတ်ပါဘူး။ဇမ်ဘီယာဘောလုံးအဖွဲ့ချုပ်ကနေ ကိုယ့်နည်းကိုယ်ဟန်နဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူချက်ဆိုပြီး၊ ယာယီသဘောမျိုး အမိန့်ချထားတာပါ။ အကြောင်းက နည်းပြတွေ ဂိုးတိုင်နားသေးပေါက်ရင် ဘယ်လိုပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုတာမျိုး ဖီဖာနဲ့ ဇမ်ဘာဘွေဘောလုံးအဖွဲ့ချုပ်က မပြဌာန်းထားလို့ပဲဖြစ်ပါတယ်။

CRD-AZ-SportsGabar