လမ်းဘေးမှာဈေးရောင်းကာ ဝမ်းရေဖြေရှင်းနေရတဲ့ သူတွေကို အာဟာရဒါနပြုအလှူလေးပြုလုပ်ခဲ့တဲ့ ဆီနွန်

ပရိသတ်ကြီးရေ ဆီနွန်ကတော့ ဒီနေ့ ဇန်နဝါရီလ (၁၇)ရက်နေ့မှာ အာဟာရဒါနပြုတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဆီနွန်က ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ဖြစ်ပေမဲ့ မြန်မာနိုင်ငံကို အနုပညာအလုပ်တွေလုပ်ကိုင်ဖို့ ရောက်ရှိနေခဲ့တာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးရှိနေခဲ့ပြီး အလှူအတန်းတွေကိုလည်း မရေမတွက်နိုင်လောက်အောင်ကို ပြုလုပ်နေခဲ့ပါသေးတယ်။

သူကိုယ်တိုင်လည်း ငယ်စဉ်က ခက်ခဲတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာကြောင့် ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ သူတွေကို တတ်နိုင်သလောက်လိုက်လံကူညီနေခဲ့တာပါ။ ဒီနေ့မှာလည်း ရန်ကုန်မြို့ရဲ့ လမ်းဘေးတွေမှာ ဈေးလိုက်ရောင်းပြီး စားဝတ်နေရေးကို ခက်ခက်ခဲခဲဖြေရှင်းနေရတဲ့ သူတွေကို နေ့လယ်စာ အာဟာရဒါနအနေနဲ့ ဒံပေါက်တွေလိုက်လံဝေငှလှူဒါန်းပေးခဲ့ပြန်တာပဲဖြစ်ပါတယ်။

ဆီနွန်ကတော့ သူကိုယ်တိုင်အပင်ပန်းခံပြီးတော့ကို စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ကို လှူဒါန်းပေးနေခဲ့တာပါ။ ပရိသတ်ကြီးရေ ဆီနွန်က ဒီနေ့မှ စေတနာထက်သန်စွာနဲ့ ဒံပေါက်တွေကို လိုက်လံလှူဒါန်းခဲ့ပြီး သူကိုယ်တိုင်လည်း လိုက်လံလှူဒါန်းတဲ့ ဒံပေါက်တွေကိုပဲ နေ့လယ်စာအနေနဲ့ စားသုံးသွားမှာပါတဲ့။

CRD-Chilli – CeleGabar,Source – Sinon Loresca