မိဘတွေအတွက် ဂုဏ်ယူစရာသမီးတစ်ယောက်ဖြစ်နေပြီဆိုတာ ဖော်ပြနေတဲ့ အချက်(၄)ချက်

ဘယ်လိုမိဘမဆို ကိုယ်မွေးထားတဲ့သားသမီးကိုတော့ ချစ်ကြမှာပါပဲ။ ဒါပေမဲ့ သားသမီးတိုင်းကိုတော့ မိဘတွေဟာ ဂုဏ်မယူတတ်ကြပါဘူး။ ချစ်လည်းချစ်၊ ဂုဏ်လည်းယူရတဲ့ သမီးလေးတွေဟာ ဘယ်လိုမိန်းကလေးတွေမျိုးလဲဆိုတာ ကြည့်လိုက်ကြရအောင်လား။

(၁) အမှီခိုကင်းတဲ့မိန်းကလေး

ကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုယ် တာဝန်ယူနိုင်ပြီးတော့ စားဝတ်နေရေးအတွက် ဘယ်သူ့အပေါ်မှာမှ မှီခိုစရာမလိုပဲ ကိုယ်ပိုင်ဝင်ငွေနဲ့ကိုယ် လိပ်ပြာသန့်သန့်နဲ့ ရပ်တည်နိုင်တဲ့ မိန်းကလေးမျိုးပါ။ အခုခေတ်မှာ မိဘတွေဂုဏ်ယူဖို့ လင်ကောင်းသားကောင်းရရမယ်ဆိုတဲ့ အတွေးအခေါ်ကြီးက ပြောင်းလဲသွားပါပြီ။

(၂) ရဲဝံ့ပြီးသတ္တိရှိတဲ့မိန်းကလေး

အမှန်တရားအတွက် ရဲရဲဝံ့ဝံ့နဲ့ ရပ်တည်နိုင်ပြီးတော့ ကိုယ့်ရဲ့ အခွင့်အရေး၊ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေစတာတွေကို သတ္တိရှိရှိနဲ့ ကာကွယ်ပြီးတော့ မားမားမတ်မတ်ရပ်တည်နိုင်တဲ့ မိန်းကလေးမျိုးတွေကို မိဘတွေက စိတ်ချလက်ချရှိတတ်ကြပါတယ်။

(၃) မိဘကိုသိတတ်တဲ့မိန်းကလေး

သမီးဆိုတာ ကြီးရင်ထီးပဲဆိုတဲ့ ရှေးစကားပုံအရ မိဘတွေကို ပစ်မထားဘဲ ကြင်ကြင်နာနာနွေးနွေးထွေးထွေးနဲ့ ဆက်ဆံပြီး ပြုစုတတ်မယ်ဆိုရင်လည်း မိဘတွေသား ကြံဖန်ဂုဏ်ယူပြီး လူကြီးချင်း ကပ်တိုးလေးတွေ ကြွားလေ့ရှိတတ်ပါတယ်။

(၄) အမျိုးသမီးကောင်းလို့ ပြောထိုက်တဲ့မိန်းကလေး

အကောင်း အဆိုး၊ အကြောင်း အကျိုးတို့ကို မိမိစိတ်နဲ့မိမိ ချင့်ချိန်နိုင်ပြီးတော့ လမ်းမှားမရောက်ဘဲ ဘဝကြီးကို ဖြတ်သန်းနေတဲ့ မိန်းကလေးမျိုးပေါ့။ အမျိုးသမီးကောင်းထက်စာရင် လူသားကောင်းတစ်ယောက်ဖြစ်တဲ့ မိန်းကလေးဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကြင်နာတတ်တဲ့နှလုံးသား၊ သိမ်မွေ့တဲ့ စိတ်ထားလေးတွေရှိတဲ့ မိန်းကလေးတွေကို သမီးတော်ထားရတဲ့ မိဘတွေဟာ ကံအကောင်းဆုံးပါပဲ။

CRD-Aunty May