ဗုဒ္ဓဘာသာ-ဘူတန်နိုင်ငံက ဘာကြောင့် နေပျော်ဖွယ်အကောင်းဆုံးနိုင်ငံ ဖြစ်နေတာလဲ

ဘူတန်နိုင်ငံဟာ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ နိုင်ငံဖြစ်ပြီး၊ Vajrayana Buddhism လို့ခေါ်တဲ့ ဗုဒ္ဓဘာသာကို (၇၄)%က ကျင့်သုံးကြပါတယ်။ (၂၅)%ကတော့ ဟိန္ဒူဘာသာဝင်တွေ၊ နတ်ကိုးကွယ်သူတွေ၊ ဟိန္ဒူဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ ကျန် (၁)%ကတော့ ခရစ်ယာန်တွေ ဖြစ်ပါတယ်။ အခြေခံဥပဒေအရ ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ကြေညာထားတဲ့ နိုင်ငံပါ။ ဘာလို့ ဘူတန်နိုင်ငံက နေပျော်ဖွယ်အကောင်းဆုံးနိုင်ငံ ဖြစ်နေတာလဲဆိုတာနဲ့ ပတ်သက်ပြီး အောက်ပါ အကြောင်းပြချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) GNH

အခြားနိုင်ငံတွေက GDP ဆိုတဲ့ စံနှုန်းကို အလွန်အလေးထားချိန်မှာ ဘူတန်က GNH ဆိုတဲ့စကားလုံးလေးနဲ့ ကမ္ဘာကို ကိုင်လှုပ်ခဲ့ဖူးပါတယ်။ Gross National Happiness ဖြစ်ပြီး၊ ပျော်ရွှင်ခြင်းအတွေးအခေါ်တွေရရှိဖို့ အစိုးရကိုယ်တိုင် ဝန်ကြီးဌာနဖွဲ့စည်းကာ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ၊ ပွဲလမ်းသဘင်တွေနဲ့ အခြားထောက်ပံ့မှုတွေကို ပြုလုပ်ပေးပါတယ်။

(၂) ကာဘွန်ကင်းစင်နိုင်ငံ

ကာဘွန်ရဲ့အဆိပ်အတောက်တွေကို ဘူတန်အရှင်မင်းမြတ်က လက်ခံပါတယ်။ ကာဘွန်ဓာတ်ကို ဆန့်ကျင်ပါတယ်။ ကာဘွန်ကင်းစင်သလားဆိုတော့ သူများနိုင်ငံတွေထက်စာရင် ထုတ်လုပ်မှု အင်မတန်နည်းလို့ လေကောင်းလေသန့် သူများထက် ပိုရပါတယ်။ ဘူတန်မှာ တစ်နှစ်ကို (၁.၅)သန်းတန်ချိန်သာ ထုတ်လုပ်ပြီး သူတို့ရဲ့ သစ်တောပိုင်ဆိုင်မှုက တစ်နှစ်ကို ကာဘွန် တန်(၆)သန်းအထိ စုတ်ယူနိုင်ပါတယ်။

(၃) အေးချမ်းလွန်းတဲ့နိုင်ငံ

ဘူတန်ဟာ တခြားနိုင်ငံတွေထက် သာတဲ့အချက်က သူ့နိုင်ငံရဲ့ (၆၀)%ဟာ သစ်တောဖုံးလွှမ်းမှုအောက်မှာ ရှိတာပါဘဲ။ သုတေသနစစ်တမ်းတစ်စောင်မှာတော့ (၇၁)%အထိ သစ်တောတွေက ဖုန်းလွှမ်းထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာမှာ သူတို့နိုင်ငံဟာ ရာသီဥတုမှာ အမျှတဆုံး အကိုက်ညီဆုံးလို့တောင် ဆိုပါတယ်။ ကမ္ဘာကြီး ပူလောင်နေချိန် သူတို့တစ်နိုင်ငံတည်း ကွက်ပြီး အရိပ်ရနေတဲ့သဘောပါ။ ကမ္ဘာကြီး အေးခဲနေချိန် သူတို့တစ်နိုင်ငံတည်း ကွက်ပြီး နွေးထွေးနေတဲ့ သဘောဖြစ်ပါတယ်။

(၄) မီးပွိုင့်မရှိ၊ မီးနီမရှိ၊ မီးရထားလမ်းလဲမရှိတဲ့နိုင်ငံ

ဘူတန်မှာ ယာဉ်ပိုင်ဆိုင်သူ အလွန်နည်းပါတယ်။ နောက်ပြီး သူတို့ဆီမှာ ရထားလမ်းလည်း မရှိပါဘူး။ အဓိကကတော့ မညီညာတဲ့ တောင်ကုန်းတွေ ထူထပ်လို့ပါ။ ခရီးသွားလာရေးအတွက် နိုင်ငံရဲ့ (၈၀၀၀)ကီလိုမီတာကို လမ်းတွေနဲ့ လွှမ်းခြုံထားပါတယ်။ နောက်ပြီး အဓိကလေဆိပ် (၃)ခုကလည်း နိုင်ငံအတွက် လုံလောက်တဲ့ ဝင်ပေါက်တွေ ဖြစ်ပါတယ်။

(၅) သာသနာနွယ်ဝင်တွေ မဲပေးခွင့်မရှိ

ဘူတန်မှာ သာသနာနွယ်ဝင်တွေဟာ မဲပေးခွင့်နဲ့ ဝင်ရောက်အရွေးခံခွင့် မရှိပါဘူး။ ဘုရင်က အခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲ ကျင်းပလေ့ရှိပြီး၊ ဝန်ကြီးချုပ်က ဘုရင့်ဆီမှာ သြဇာခံရပါတယ်။ (၂၀၀၈)ခုနှစ်မှာပဲ ဘုရင်က နန်းတော်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပေးပြီး ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ပေးခဲ့ပါတယ်။

(၆) ပလက်စတစ်ကင်းစင်နိုင်ငံ

ခမည်းတော်ဘူတန်ဘုရင်ကြီးဟာ ပညာတတ်သူတစ်ယောက် ဖြစ်တဲ့အတွက် (၁၉၉၉)ခုနှစ်မှာ အမြော်အမြင်ကြီးစွာနဲ့ ပလက်စတစ်အသုံးပြုခွင့်၊ ထုတ်လုပ်ခွင့်ကို ပိတ်သိမ်းခဲ့ပါတယ်။ အရိုက်အရာဆက်ခံသူ သားတော်မင်းကြီး Jigme Khesar Namgyel Wangchuck ကလည်း ဒီအမိန့်ကို ဆက်တည်စေခဲ့တာမို့ ကမ္ဘာပေါ်မှာတော့ ပလက်စတစ်ကင်းစင်တစ်ခုတည်းသော နိုင်ငံလို့တောင် ပြောလို့ရပါတယ်။

(၇) ရေတပ်နဲ့ လေတပ်မရှိတဲ့နိုင်ငံ

ဘူတန်မှာ ကြည်းတပ်သာရှိပြီး ရေတပ်နဲ့လေတပ် မရှိပါဘူး။ ဒါပေမယ့် အိန္ဒိယကတော့ ဘူတန်အတွက် လေတပ်စစ်ရေးလေ့ကျင့်မှုတွေအတွက် တာဝန်ယူပေးသလို၊ လိုအပ်တဲ့ လက်နက်ထောက်ပံ့မှုနဲ့ လေကြောင်းရန် ကာကွယ်ရေးအပိုင်းတွေကိုပါ တာဝန်ယူပေးပါတယ်။ လိုအပ်ရင်လည်း ဘူတန်က စစ်ကူခေါ်လို့ရတဲ့နိုင်ငံကြီး (၁၂)နိုင်ငံအထိ ရှိပါသတဲ့။

CRD-လင်းဇော်ကို,Ref ; PostOast