မွေးပြီးပြီးချင်း ဒလအမှိုက်ပုံမှာ စွန့်ပစ်ခံထားရတဲ့ သားလေးကို ထပ်မံကယ်ဆယ်ခဲ့ပြန်တဲ့ ခိုင်နှင်းဝေ

ဖြူစင်တဲ့ပရဟိတနှလုံးသာလေးကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေအားလုံး လေးစားချစ်ခင်နေရတဲ့ ခိုင်နှင်းဝေဆိုတာ ဒိတ်ဒိတ်ကြဲမင်းသမီးလေးတစ်လက်ပါပဲနော်။ အခုအချိန်မှာဆိုရင်သူမဟာ လူမှုကူညီရေးပရဟိတလေးတွေတင်သာမက မိဘမဲ့ ကလေးလေးတွေအတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေနဲ့ စွမ်းသလောက်စောင့်ရှောက်မှုတွေပေးနေခဲ့ပါတယ်နော်။

ခိုင်နှင်းဝေကတော့ “ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ”ဆိုပြီး ဂေဟာလေးတစ်ခုကိုတည်ထောင်ထားကာ အကူအညီလိုအပ်နေတဲ့ကလေးလေးတွေကို မေတ္တာနဲ့ဖေးမပြီး နွေးထွေးတဲ့ရင်ခွင်တစ်စုံကိုပေးကာ စောင့်ရှောက်ပေးနေတာပါ ။ကလေးလေးတွေရဲ့ ပညာရေး ကျန်းမာရေး စတဲ့ ကိစ္စအ၀၀မှန်သမျှကို ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစုပျိုးထောင်ပေးနေတာကိုတွေ့ရပါတယ်နော်။

အကြောင်းအမျိုးမျိုးကြောင့်စွန့်ပစ်ခံရတဲ့ ကလေးလေးတွေကို ကြင်နာတဲ့နှလုံးသားအပြည့်နဲ့ မွေးစားကယ်ဆယ်ခဲ့တာဖြစ်ပြီးအခုလည်း မွေးပြီးပြီးချင်း ဒလအမှိုက်ပုံမှာ စွန့်ပစ်ခံထားရတဲ့ သားလေးကို ထပ်မံကယ်ဆယ်ခဲ့ပြန်ပါတယ်။ သာလေးက ချက်ကြိုးမှာလည်းသွေးတွေထွက်နေလို့ ဆေးခန်းပို့ထားရကြောင်းလည်းဖော်ပြခဲ့ရာ ပုံလေးတွေကြည့်ပြီး တကယ်စိတ်မကောင်းမိတာအမှန်ပါပဲနော် ။

CRD-Yuan – Cele Zone,Photo – Khine Hnin Wai