တစ်ဖက်သက် အချစ်ကြီးချစ်ခဲ့မိတဲ့ ကိုလူရိုးကြီးကို မရမကလက်ထပ်ခဲ့တဲ့ လူဖြူမလေး

အချစ်စစ်အချစ်မှန်ဆိုရင် ရေမြေခြားနေလည်း နီးစပ်အောင် ကြိုးစားကြတာပါဘဲ။ လူမျိုးနဲ့ ကိုးကွယ်ရာဘာသာအယူဝါဒမတူတာကိုလည်း တံတိုင်းတစ်ခုလို့ မမြင်တော့ပါဘူး။ အသားရောင်ကွဲပြားနဲ့ အခြေခံစိတ်နေစိတ်ထား၊ မတူညီတဲ့ဘာသာစကားတွေ ရှိလာခဲ့ရင်လည်း ဒါကို ကောင်းကောင်း ကျော်ဖြတ်နိုင်တယ်လို့ သူတို့ ထင်ကြပါတယ်။

အမေရိကန်လူဖြူမလေးနဲ့ ဘင်္ဂလားဒေ့ရှ်က အမျိုးသားတို့ရဲ့ ဖူးစာရေစက်ဟာ လူမှုကွန်ရက်ပေါ်မှာ ပြီးခဲ့တဲ့နှစ်အနည်းငယ်က စိတ်ဝင်စားမှု ခံရဆုံးဖြစ်ခဲ့ပါတယ်။ သူတို့တစ်တွေ တရားဝင် လက်ထပ်ပြီးကြပါပြီး။ အမျိုးသားနာမည်ကတော့ Michael Apu Mondol ဖြစ်ပြီး၊ အသက်(၂၈)နှစ်ပါ။ သူဟာ Barisal မြို့အနီး Kaunia အမည်ရ ရွာလေးမှာ နေထိုင်ပါတယ်။

အမျိုးသမီးနာမည်ကတော့ Sarah Kuhn ဖြစ်ပြီး သူမကလည်း အသက်(၂၈)နှစ်ပါ။ နှစ်ဦးသား လွန်ခဲ့တဲ့ (၂၀၁၇)ခုနှစ် နိုဝင်ဘာ(၁၉)ရက်က Facebook GP တစ်ခုမှာ စတင်ဆုံစည်းပါတယ်။ နောက်တော့ တွေ့ဖန်မြင်ဖန်များလာခဲ့ပြီး၊ Sarah ဟာ Apu ကို မခွဲနိုင်မခွာရက် ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ နီးစပ်ဖို့ ကြံစည်ရင်း ချစ်သူတွေ ဖြစ်သွားခဲ့တာပါ။

(၂၀၁၈)ခုနှစ်မှာ သူတို့တစ်တွေဟာ အပြင်မှာ တစ်ခါမှ မဆုံဖူးသေးတဲ့အဖြစ်ကို အဆုံးသတ်ဖို့ ကြိုးစားကြပါတယ်။ Sarah ဘက်ကပဲ စွန့်စားခဲ့တာပါ။ သူမဟာ ဘိုးဘွားရိပ်သာမှ သူနာပြုဆရာမတစ်ယောက်ဖြစ်ပြီး၊ အလုပ်ကနေ ခွင့်ယူကာ၊ သူမရဲ့ဇာတိ Minnesota ကနေ ဘင်္ဂလာဒေ့ရှ်က Barisal ကို ခရီးနှင်ခဲ့ပါတော့တယ်။

တိုက်ရိုက်လေကြောင်းအဆင်မပြေလို့ သူမဟာ ကွေ့ကာပတ်ကာနဲ့ ဒါကာမြို့ကို ရောက်ခဲ့တာပါ။ လေဆိပ်ကို Apu က လာကြိုပါတယ်။ ဒီအတိုင်းတောင် သူတို့မြို့ချင်းဟာ (၇၆၂၄)မိုင် ကွာဝေးပါတယ်။ Apu ဟာ သာမန်လက်လုပ်လက်စားတစ်ယောက်ဖြစ်ပြီး၊ အိမ်ဆေးလိုက်သုတ်တဲ့အလုပ်နဲ့ အသက်မွေးဝမ်ကြောင်း ပြုပါတယ်။ Sarah ဟာ Kaunia ရွာအထိ လိုက်လာခဲ့တာပါ။

Apu က သူရဲ့မိဘတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆက်ပေးပါတယ်။ Apu ရဲ့မိဘတွေဟာ ဘာသာစကားနဲ့ နားလည်အောင်မပြောနိုင်ပေမယ့် သူတို့ကလည်း သမီးတစ်ယောက်လို ချစ်တယ်ဆိုတာ မြင်သာအောင် ပြကြပါတယ်။ ကံကောင်းတာက Apu ကိုယ်တိုင်က Sarah နဲ့ ဘာသာတူနေလို့ သူတို့ လက်ထပ်ဖို့အတွက် အခက်အခဲ မရှိခဲ့ပါဘူး။ ဒီလိုနဲ့ နေ့ကောင်းရက်မြတ် သတ်မှတ်ပြီး၊ လက်ထပ်သည်အထိ ဖြစ်ခဲ့ပါတယ်။

မင်္ဂလာပွဲဟာ နယ်မှာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်လို့ လူဦးရေ ထောင်နဲ့ချီ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ အခုဆို Sarah ဟာ အများသုံးတဲ့ ဘင်္ဂလီဘာသာစကားကိုတောင် အနည်းငယ် ပြောတတ်နေပါပြီတဲ့။ သူတို့တစ်တွေဟာ ယနေ့အချိန်မှာတော့ ခရီးတွေ၊ အတူထွက်လိုက်၊ မိဘတွေ ဆွေမျိုးသားချင်းတွေနဲ့အတူ စားချင်ရာတွေချက်စားလိုက်နဲ့ ပျော်ပျော်ပါးပါး ဘဝကို ဖြတ်သန်းနေကြပါတယ်။

CRD-လင်းဇော်ကို,Ref ; Postoast