အင်ဒိုပျက်ကျလေယာဉ်အနီးက ရှာဖွေတွေ့ရှိခဲ့တဲ့ အင်္ကျီလေးရဲ့ ဆို့နင့်ဖွယ် အမှန်တရား

ပြီးခဲ့တဲ့ဇန်နဝါရီလ (၉)ရက်နေ့ ညနေပိုင်းမှာ အင်ဒိုပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Sriwijaya Air လေကြောင်းလိုင်းပိုင် Boeing 737 လေကြောင်းနံပါတ် Flight SJ 182 လေယာဉ်ဟာဟာ ဂျာကာတာလေဆိပ်ကနေ ထွက်ခွာအပြီး (၄)မိနစ်ခန့်အကြာ အမြင့်ပေ (၁၀၀၀၀)ကျော်ကနေ ပင်လယ်ပြင်အတွင်းကို ထိုးဆင်းပျက်ကျခဲ့ပါတယ်။

အဆိုပါ လေယာဉ်ပျက်ကို ရှာဖွေဖို့ အင်ဒိုရေတပ်နဲ့တူ၊ တပ်မတော်ဘက်က ရဟတ်ယာဉ်တွေအပြင်ပရဟိတကယ်ဆယ်ရေးအဖွဲ့ပေါင်း ဒါဇင်နဲ့ချီပြီး ရှာဖွေကယ်ဆယ်ရေးတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီလေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ လူတွေအားလုံးကတော့ လက်ရှိအချိန်ထိ ရှင်လျှက် ကယ်တင်နိုင်ခြင်း မရှိသေးတာကြောင့်-

အသက်ရှင်ကျန်ရစ်သူရှိဖို့ဆိုတာ အတော်လေးကို မလွယ်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ လေယာဉ်အမှုထမ်းတွေအပါအဝင် လေယာဉ်ပေါ်မှာ စုစုပေါင်း (၆၂)ဦး ပါရှိခဲ့ပါတယ်။ ဒီအထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ် (၇)ဦးအထိ ပါဝင်ခဲ့ပြီး၊ သက်ဆိုင်ရာကတော့ လေယာဉ် ဘာကြောင့်ပျက်ကျတယ်ဆိုတာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အခုအခါမှာတော့ လေယာဉ်အပျက် အပိုင်းအစတွေကို တဖြည်းဖြည်းနဲ့ တွေ့လာနေရပြီဖြစ်ပြီး၊ အရေးကြီးတဲ့ Black Box ကိုလည်း ရေငုပ်သမားတွေက ဆယ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုပဲ အင်ဒိုရေတပ်က တပ်သားအချို့ကလည်း Minnie Mouse စာတန်းနဲ့ပုံပါတဲ့ ကလေးဝတ်အင်္ကျီလေးကို ထပ်ပြီးရှာတွေခဲ့ပါတယ်။

ရင်နာဖွယ်ကောင်းတာက အဲဒီအင်္ကျီဟာ လေယာဉ်ပေါ်ကိုပါသွားတဲ့ သမီးလေးရဲ့ အင်္ကျီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ Ratih Windania အမည်ရ ကလေးမိခင်ဟာ သူမရဲ့မိခင် (ကလေးတွေရဲ့အဖွား)ဆီကနေ လည်ပတ်ပြီးအပြန် ယင်းလေယာဉ်နဲ့အတူ၊ သူမရဲ့သားသမီးနှစ်ဦးနဲ့အတူ လိုက်ပါစီးနင်းပြီး ဇာတိမြို့ကို ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းကိုလည်း လေယာဉ်ပျက်မကျမီမှာ Ratih Windania က လူမှုကွန်ရက်မှာ ပုံတွေနဲ့တကွ တင်ခဲ့ပါတယ်။ အခု ဓာတ်ပုံထဲမှာပါတဲ့ ကလေးအင်္ကျီဟာ သူမရဲ့သမီးလေး အင်္ကျီဖြစ်ပါတယ်။ ဒီပုံလေးကိုကြည့်ပြီးနောက် လူမှုကွန်ရက်ပေါ်မှာတော့ အတော်လေးကို စိတ်မကောင်းဝမ်းနည်း ဖြစ်နေကြသလို၊ တချို့ကလည်း သမီးလေးအနေနဲ့ ချစ်ရတဲ့မိခင်၊ ချစ်ရတဲ့ကိုကိုနဲ့အတူ ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းနေကြပါတယ်။

CRD-လင်းဇော်ကို,Source ; Internet