Covid ရှိမရှိကို ရင်တခုန်ခုန်နဲ့အစစ်ဆေးခံနေတဲ့ မြင့်မြတ်ရဲ့ ဗီဒီယိုဖိုင်လေး

ချစ်ပရိသတ်ကြီးရေ မြင့်မြတ်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် စိတ်သဘောမနောလည်း ကောင်းတာကြောင့် ပရိသတ်တွေက လေးစားချစ်ခင်နေရတာပါ။ ကျရာဇာတ်ရုပ်တိုင်းကို သဘာဝကျပီပြင်အောင် အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မြင့်မြတ်က ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာလည်းဖြစ်ပါတယ်။

အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ဒါ့အပြင် အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကြောင့်အားလုံးက အားကျချစ်ခင်နေရတာပါ။

ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေရပ်နားထားရပေမယ့်လည်း အခုမှာတော့ ရိုက်ကူးရေးတွေပြန်လည်စနေပြီလည်းသိရပါတယ်။ အခုလည်း ခရီးထွက်ရန် ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးခံနေတဲ့ ဗီဒီယိုလေးနဲ့အတူ ဆေးစစ်ချက်အဖြေလေးဟာလည်း negative ဖြစ်ကြောင်းဝမ်းသာပျော်ရွှင်စွာ ပြောကြားထားတာတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

CRD-Yuan – Cele Zone,Photo – Myint Myat