အမျိုးသမီး အများစု နှစ်သက်လေ့ရှိတဲ့ ယောကျာ်းလေးပုံစံက ဘယ်လိုပုံစံမျိုးလဲ ……

မိန်းကလေးတော်တော်များများဟာ ချစ်သူရည်းစားတစ်ယောက်ထားတော့မယ်ဆိုရင် စိတ်ထဲမှာ သူတို့လက်ခံနိုင်လောက်တဲ့ အပြုအမူ၊ ပုံစံရှိတွေရှိမှ အဲဒီယောကျာ်းလေးကို လက်တွဲဖော်အဖြစ် စဉ်းစားပေးကြတာပါ။ နောက်ထပ်ထူးဆန်းတာတစ်ခုကတော့ မိန်းကလေး အများစုဟာ အမှတ်သည်းခြေအရမ်းကြီး တတ်ကြပါတယ်။ များသောအားဖြင့် သူတို့ရဲ့ စိတ်ထဲမှာ သူတို့လက်တွဲဖော်ရဲ့ အပြုအမူတွေထဲက ကောင်းတဲ့ အပြုအမူထက် ဆိုးတဲ့ အပြုအမူကို အချိန်တော်တော်ကြာ သတိရနေလေ့ ရှိတတ်ပါတယ်။ ဒါ့ကြောင့် ယောကျာ်းလေးတွေရဲ့ ဘယ်လိုပုံစံမျိုးတွေကို မိန်းကလေးတွေ နှစ်သက်လေ့ရှိသလဲဆိုတာကို သိထားသင့်ပါတယ်။

ပထမဦးဆုံး မိန်းကလေးတော်တော်များများ ကြိုက်နှစ်သက်တဲ့ ယောကျာ်းလေးပုံစံကတော့ သူတို့လေးတွေကို အရမ်းဂရုစိုက်တတ်တဲ့ ယောကျာ်းလေးတစ်ယောက်ရဲ့ ပုံစံပါပဲ။ သေးသေးမွှားမွှားလေးကအစ အခြားကိစ္စကြီးတွေ အကုန်လုံးကို သူတို့နဲ့ အတူတူ ခံစားချက် sharing လုပ်ပေးတာမျိုး၊ သူတို့ဝမ်းနည်းနေတဲ့ အချိန်မျိုးကျရင် နှစ်သိမ့်ပေးတာမျိုး၊ သူတို့ငိုနေတဲ့အချိန်ဆိုရင် မျက်ရည်သုတ်ပေးတတ်တဲ့လူမျိုး အစရှိတဲ့ ယောကျာ်းလေးပုံစံတွေကို မိန်းကလေးအများစုက နှစ်သက်ကြပါတယ်။ နောက်တစ်ခုကတော့ အလုပ်အကိုင်ရှိပြီး အရည်အချင်းပြည့်ဝတဲ့ ယောကျာ်းလေးတစ်ယောက်ရဲ့ ပုံစံပါပဲ။

 

မိန်းကလေးတွေဟာ သူဌေးသား၊ ပိုက်ဆံရှိတဲ့လူတွေထက် အလုပ်အကိုင်ရှိပြီး အရည်းအချင်းအပြည့်ရှိတဲ့ ယောကျာ်းလေးတစ်ယောက်ရဲ့ ပုံစံကို ပိုမက်မောကြပါတယ်။ ယောကျာ်းလေးတစ်ယောက်အနေနဲ့လည်း မိန်းကလေးတစ်ယောက် အားကိုးချင်လောက်အောင် အလုပ်အကိုင်နဲ့ ဝင်ငွေတစ်ခုရှိဖို့ အရေးကြီးပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကိစ္စတိုင်းမှာ လူကြီးဆန်ဆန် တွေးခေါ်လုပ်ကိုင်လေ့ရှိတဲ့ ယောကျာ်းလေးတစ်ယောက်ရဲ့ ပုံစံပါပဲ။ မိသားစုကိစ္စ၊ သမီးရည်းစားကိစ္စ၊ အလုပ်ကိစ္စ အစရှိတဲ့ ကိစ္စတိုင်းမှာ လူကြီးဆန်ဆန်နဲ့ ဖြေရှင်းပြီး ရင့်ကျက်တဲ့ အတွေးအခေါ်ပိုင်ရှင် ယောကျာ်းလေးတွေကိုလည်း မိန်းကလေးတော်တော်များများ ကြိုက်နှစ်သက်လေ့ ရှိပါတယ်။ လူကြီးဆန်တယ်ဆိုတာ အသက်ကြီးတာ၊ ငယ်တာနဲ့ မဆိုင်ပါဘူး။ အတွေးအခေါ်နဲ့ လုပ်ရပ်တိုင်းက လူကြီးဆန်နေရင်ကိုပဲ မိန်းကလေး အများစုက သဘောကျပါတယ်။

CRD-Pyi Hein Kyaw