မရှိခဏဆရာတော်ကို နေ့ဆွမ်းကပ်လှူခဲ့တဲ့ နေထက်လင်းတို့မိသားစု

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသားကြီးနေထက်လင်းကတော့ ဒီနေ့မှာ မိသားစုစုံစုံလင်လင်နဲ့ ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့ပါတယ်။ နေထက်လင်းတို့ မိသားစုက ဒီနေ့ ဇန်နဝါရီလ (၁၀)ရက်မှာ ရန်ကုန်မြို့အလိုတော်ပြည့်ကျောင်းတိုက်မှာ မရှိခဏ ဆရာတော်ဘုရားကြီးကို ဆွမ်းကပ်လှူခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကလည်း နေထက်လင်းတို့ မိသားစုက စစ်ဘေးရှောင်ပြည်သူတွေအတွက် အနွေးထည်အထည်ရေ (၅၀၀)တိတိကိုလည်း အလိုတော်ပြည့်ကျောင်းဆရာတော်ထံကနေ တစ်ဆင့်လှူဒါန်းပေးခဲ့ပါသေးတယ်။ ဒီတစ်ခေါက်ပြုလုပ်တဲ့ ဆွမ်းကပ်အလှူလေးကိုလည်း နေထက်လင်းတို့မိသားစုက မိသားစုစုံစုံလင်လင်နဲ့ စိတ်တူကိုယ်တူ အလှူဒါနပြုခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးတွေလည်း နေထက်လင်းတို့ မိသားစုရဲ့ မွန်မြတ်လှတဲ့ ဆွမ်ကပ်အလှူလေးကို ကြည်နူပီတိဖြစ် မုဒိတာပွားများနိုင်စေဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးတွေက နေထက်လင်းတို့ မိသားစုရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

CRD-Chilli – CeleGabar,Source – Ashin kumara