YGW မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းမှာ ကလေးတွေအတွက် လိုအပ်တာတွေသွားရောက်လှူဒါန်းခဲ့တဲ့ စန္ဒီမြင့်လွင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်ကတော့ ဒီနေ့မှာ နှစ်ဦးမိသာဒစုအလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကိုတော့ စန္ဒီမြင့်လွင်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၈၉)မိုင်မှာ ရှိတဲ့ YGW မိဘမဲ့ကလေးကျောင်းမှာ မိသားစုစုံစုံလင်လင်နဲ့ သွားရောက်ပြုလုပ်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

YGW ကျောင်းကတော့ မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲချို့တဲ့သောတိုင်းရင်းသားကလေးသူငယ်တွေကို စောင့်ရှေက်ပေးနေတဲ့ဘုန်ကြီးကျောင်းလေးဖြစ်ပြီး စန္ဒီမြင့်လွင်တို့မိသားစုက ကျောင်းမှာရှိတဲ့ ကလေးတွေအတွက် Diaper တွေနဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းပေးခဲ့တာပါ။ ကလေးတွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေအပြင် နဝကမ္မအလှူငွေတွေလည်း လှူဒါန်းပေးခဲ့ပါသေးတယ်။

စန္ဒီမြင့်လွင်ကတော့ မိသားစုနှစ်ဦးအလှူအဖြစ်ပြုလုပ်တဲ့ ဒီအလှူလေးကိုတော့ ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုလို့ရအောင် ကြည်နူးဖွယ်အလှူဒါနပြုနေတဲ့ ပုံရိပ်လေးတွေကိုမျှဝေဖော်ပြထားခဲ့ပါသေးတယ်။ပရိသတ်ကြီးတွေလည်း ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုလို့ရအောင် CeleZone က ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Sandy Myint Lwin,CRD-Chilli – CeleZone