တစ်သက်မှာ တစ်ကြိမ်ကြုံဖို့ခဲယဉ်းပြီး သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ နီလာခရမ်းကျောက်

အခုလူတွေသတ်မှတ်ထားကြတဲ့ အသဲပုံသဏ္ဍာန်လေးဟာ ၆ရာစု-၅ရာစု ဘီစီလောက်ကစပြီး ပေါ်ပေါက်လာခဲ့တာပါ။ တကယ်တမ်းလူ့နှလုံးသားပုံစံက လူတွေသိနေတဲ့အသဲပုံသင်္ကေတနဲ့ လုံးဝမတူပေမယ့် သဘာဝတရားကတော့ ဒီသင်္ကေတကိုအသိအမှတ်ပြုပုံရပါတယ်။ မကြာသေးခင်ကတော့ မိုင်းတွင်းသမားအချို့ဟာ ထူးခြားတဲ့သဘောဝတရားရဲ့အလှကို တွေ့ခဲ့ကြပါတယ်။

Boredpanda သတင်းအရ ဘရာဇီးနယ်စပ်အနီး ဥရုဂွေးနိုင်ငံ Artigas က Santa Rosa မိုင်းတွင်းအသစ်မှာ မိုင်းသမားတွေဟာ တူးဖော်ရင်း အောက်မှာပြထားတဲ့ဓာတ်ပုံအတိုင်း နီလာခရမ်းကျောက်တွေကိုရှာဖွေတွေ့ရှိခဲ့တာပါ။

မိုင်းအလုပ်သမားတွေကတော့ Artigas မှာ မိုင်းတူးရတဲ့သာမန်နေ့တစ်နေ့မှာပဲ ဒီအသဲပုံကျောက်တွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ မီးတောင်ကျောက်တွေကိုခွဲရတာ အရမ်းမာလွန်းတဲ့အတွက်ကြောင့် မိုင်းသမားတွေကတောင် ဒီထဲမှာ ထူးခြားမှုတစ်ခုခုရှိလိမ့်မယ်ဆိုပြီ ခန့်မှန်းထားခဲ့တာပါ။

အသဲပုံကျောက်ကို ရဖို့အတွက်ကတော့ ၂ နာရီ ၃ နာရီလောက်အချိန်ပေးခဲ့ရပါတယ်။ မီးတောင်ချောက်ကျောက်တွေဟာ သာမန်ကျောက်တွေထက်တောပိုမာပါတယ်။ ကျောက်ကိုရယူဖို့အတွက်လည်း အများကြီးခွန်အားစိုက်ထုတ်ခဲ့ရတာဖြစ်ပါတယ်။ အခုဆိုရင်တော့ မီးတောင်ချော်ကျောက်တွေကို ပုံသဏ္ဍာန်အမျိုးအစား အရွယ်အမျိုးမျိုးနဲ့ တွေ့နေရပြီပဲဖြစ်ပါတယ်။

CRD-ShweMom