ဆိုင်ကယ်အမိုက်စားကြီးကို အထာကျကျအပီအပြင်စီးနေတဲ့နေတိုးကို ဗီဒီယိုရိုက်ကာဆေးထိုးစနောက်လိုက်တဲ့ ကိုပေါက်

ဒါရိုက်တာကိုပေါက်ကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံးနဲ့အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ ကိုပေါက်ကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေပါတယ်။

အေးချမ်းသာယာတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ ကိုပေါက်ကတော့ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းလျက်ရှိနေတာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ ကိုပေါက်ကတော့ ရယ်မောစရာကောင်းတဲ့ အခွီTiktokလေးတွေကို ဆော့ကစားလျက်ရှိပြီး အဆိုပါTiktokလေးတွေဟာ လူကြိုက်များလျက်ရှိနေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် အမြဲလိုလိုပျော်ပျော်နေတတ်ကာ သူငယ်ချင်းတွေနဲ့တွေ့ရင်လည်းဆေးထိုးစနောက်တတ်ပါသေးတယ်နော်။ အခုလည်း နေတိုး ကျော်ကျော်ဗိုလ်တို့နဲ့ တွေ့ဆုံခဲ့ပြီး ဆိုင်ကယ်ကြီးကိုသဘောတွေကျပြီး ဓာတ်ပုံရိုက်ခိုင်းနေတဲ့နေတိုးကိုဆေးထိုးစနောက်နေတာပဲဖြစ်ပါတယ်။ နေတိုးကလည်း အထာကျကျ ဆိုင်ကယ်ကြီးကိုစီးပြနေလိုက်တာ တကယ်ကိုကြွေချင်စရာပါပဲနော်။ ပရိသတ်ကြီးလည်း နေတိုးတို့ ကိုပေါက်တို့ရဲ့ ဗီဒီယိုလေးကိုကြည့်လိုက်ရအောင်နော်။

Yuan – Cele Zone,CRD-Photo – Aung Min Naing