အာရှတိုက်ရဲ့ အချမ်းသာဆုံးနံပါတ်(၁)ဖြစ်လာခဲ့တဲ့ တရုတ်သူဌေးကြီး Zhong Shanshan

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အစောပိုင်းလောက်ကထိ အာရှတိုက်ရဲ့ အချမ်းသာဆုံး သူဌေးကြီးကတော့ အိန္ဒိယနိုင်ငံရဲ့ ရေနံသူဌေးကြီး Mukesh Ambani ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Mukesh တစ်ယောက်ကတော့ အာရှတိုက်ရဲ့ အချမ်းသာဆုံးဘွဲ့ကို ၂ နှစ်ကြာအထိပဲ ကာကွယ်နိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် အစပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ COVID 19 ကပ်ရောဂါကြီးကြောင့် စီးပွားရေးလုပ်ငန်းတော်တော်များများ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လက်တစ်ဆုပ်စာ လူတစ်ုလောက်ကတော့ COVID 19 ကာလအတွင်းမှာ တော်တော်လေး စီးပွားရှာ ကောင်းခဲ့ပါတယ်။ အဲဒီထဲမှာတော့ စီးပွားအဖြစ်ဆုံးလူကို ထောက်ပြရမယ်ဆိုရင်တော့ တရုတ်သူဌေးကြီး Zhong Shanshan ပဲ ဖြစ်ပါတယ်။ သူ့ကို တရုတ်ပြည်တွင်းမှာတော့ ရေသန့် သူဌေးဆိုပြီး လူသိများပါတယ်။

အခုဆိုရင်တော့ Zhong ဟာ အိန္ဒိယရေနံသူဌေးကြီး Mukesh ကို ကျော်ပြီးတော့ အာရှတိုက်ရဲ့ အချမ်းသာဆုံး ဘီလီယံနာ သူဌေးဘွဲ့ကို ပိုင်ဆိုင်သွားခဲ့သလို ကမ္ဘာ့ ၁၁ ယောက်မြောက် အချမ်းသာဆုံး သူဌေးတစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ အာရှတိုက်ရဲ့ အချမ်းသာဆုံး သူဌေးကြီးဖြစ်ခဲ့သူ Mukesh ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၇၆.၉ ဘီလီယံအထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Zhon ရဲ့ ချမ်းသာပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၇၇.၈ ဘီလီယံနဲ့ အာရှတိုက်ရဲ့ အချမ်းသာဆုံးသူဌေးဘွဲ့ကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

Zhong တစ်ယောက် ချမ်းသာဖို့ အကြောင်းဖန်လာခဲ့တာကတော့ COVID 19 ကာကွယ်ဆေးကြောင့်လို့ပဲ ပြောရမှာပါ။ Zhong ဟာ အစပိုင်းမှာတော့ Nongfu Spring လို့ အမည်ရတဲ့ ရေသန့်ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်မျှသာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၀ ခုနှစ်အစပိုင်း COVID 19 ကပ်ရောဂါ စဖြစ်တဲ့ အချိန်မှာ Zhong ဟာ Beijing Wantai Biological Pharmacy လို့ အမည်ရတဲ့ ဆေးကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြုပ်နှံမှု အမြောက်အမြားပြုလုပ်ခဲ့ပြီး အဆိုပါ ကုမ္ပဏီရဲ့ chairman တစေ်ယာက်ပါ ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အဲဒီကုမ္ပဏီကနေ တရုတ်ပြည်တွင်းမှာ COVID 19 ကာကွယ်ဆေးတစ်မျိုးကို ထုတ်လုပ်နိုင်ခဲ့ပြီး အဆိုပါ ကာကွယ်ဆေးတွေကို ဖြန့်ဖြူးရောင်းချရင်းနဲ့ ချမ်းသာလာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကာကွယ်ဆေးရဲ့ ရောင်းအားက ဘယ်လောက်တောင် ကောင်းသလဲဆိုရင် ၂၀၂၀ ခုနှစ် တစ်ခုတည်းမှာတင် Zhong ဟာ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံကကျော်ကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။

CRD-Pyi Hein Kyaw