သူငယ်ချင်းဖြစ်သူ မေမီကိုကို ကိုဝေဖန်နေတဲ့သူတွေကို ပညာသားပါပါတုံ့ပြန်ခဲ့တဲ့ ဖြိုးရာဇာနိုင်

မကြာသေးမီကမှ သရုပ်ဆောင် မေမီကိုကို က သူမရဲ့ချစ်သူ ဆရာဝန်နဲ့ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ် ။ ရုပ်ရည်ပိုင်းဆိုင်ရာ ကို ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ပြီး နစ်နာအောင်ပြောဆိုခဲ့တဲ့အတွက် မေမီရဲ့ ပရိသတ်တွေက အတော်လေး စိတ်ဆိုးခဲ့ကြသလို သူငယ်ချင်းတွေဖြစ်တဲ့ သရုပ်ဆောင်လပြည့် နဲ့ ဖြိုးရာဇာနိုင်တို့ကလည်း မေမီဘက်ကနေ ဝန်းရံပေးခဲ့ကြပါတယ် ။

သရုပ်ဆောင် ဖြိုးရာဇာနိုင်ကတော့ သူ့သူငယ်ချင်းမေမီကို ဝေဖန် ရှုံ့ချနေတဲ့ သူတွေကို သူများ သမီးရည်းစား သွာပြီးလိုက်တာတွေ မလိုက်တာတွေ ဝေဖန်နေမယ့်အစား ကိုယ့်ဘဝလေးကို သာယာလှပအောင် ကြိုးစားကြပါလား …ပိုအကျိုးရှိလိမ့်မယ် သူများကို စိတ်မဝင်စားနဲ့ ကိုယ့်ဘဝကိုယ် စိတ်ဝင်စား ပါ ဆိုတဲ့စာသားလေးနဲ့အတူ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပညာသားပါပါ တုံ့ပြန်ခဲ့ပါတယ် ။

သရုပ်ဆောင်လပြည့်ကလည်း ဖြိုးရာဇာနိုင်ရဲ့စကားကို ထောက်ခံပြီး အကောင့်တုနဲ့တိုက်ခိုက်နေတဲ့သူကို ပြောစရာစကားမရှိလောက်အောင် ရွံမိတယ်လို့ မှတ်ချက်ရေးသားခဲ့ပါတယ် ။ ပရိသတ်တွေကတော့ မေမီကိုကိုဘက်က ဝန်းရံခဲ့ကြပြီး ဝေဖန်တိုက်ခိုက်တာတွေကို ခေါင်းထဲမထည့်ဘဲ ကိုယ့်အလုပ်ကို ဆက်လုပ်ဖို့အတွက် အားပေးစကားပြောခဲ့ကြပါတယ် ။

 

 

Source : Phyo Yarzar Naing,CRD-Emily (Cele Gabar)