ဒိုက်ငယ်ဘဝ သရုပ်ဆောင်တဲ့သားငယ်လေးက လာကန်တော့လို့ ပီတိဖြစ်နေတဲ့ သရုပ်ဆောင်ထူးခန့်ကျော်

လတ်တလောမှာ ပရိသတ်တွေအကြိုက်တွေ့နေတဲ့ MRTV-4 ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ ဦးဗေဒါအဖြစ် သရုပ်ဆောင်တဲ့ သရုပ်ဆောင် ကောင်းလွန်းသူကြီး ထူးခန့်ကျော်ကိုတော့ ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါ ။ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးလေ့ရှိတဲ့ ထူးခန့်ကျော်ကတော့ ဒီနေ့မှာ ပီတိဖြစ်စရာ ကိစ္စလေးတစ်ခုကို မျှဝေပေးလာခဲ့ပါတယ် ။

မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲမှာ ဒိုက်ငယ်ဘဝအဖြစ်သရုပ်ဆောင်တဲ့ သားငယ်လေး ကောင်းခန့်ကျော်က ဦးဗေဒါကြီး ဘုရားဆွမ်းကပ်ဖို့အတွက် လှူဖွယ်ပစ္စည်းများနဲ့ ဂါဝရတရားရှေ့ထားပြီးကန်တော့ ခဲ့ကြောင်း ပုံနဲ့တကွ ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။ လာကန်တော့တဲ့ သားငယ်လေး ကောင်းခန့်ကျော်တို့မိသားစုဒီထက်မက အောင်မြင်ကျော်ကြားပြီး တစ်နေ့တစ်ခြားစီးပွားလာဘ်လာဘများဒီရေလားသကဲ့သို့ကြီးပွားတိုးတက်ကြ၍ ကပ်ကြီးသုံးပါးတို့မှလည်းကင်းဝေးကြပါစေလို့လည်း ဦးဗေဒါကြီးက လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

ဦးဗေဒါကြီးရဲ့ ပရိသတ်တွေကတော့ အလှူရှင်သားလေးတို့မိသားစုအတွက် ဆုမွန်ကောင်းတွေ အများကြီး ပေးခဲ့ကြပြီး သာဓုတွေလည်းခေါ်ဆိုခဲ့ကြပါတယ် ။ ဦးဗေဒါရဲ့ ချစ်ပရိသတ်ကြီးအတွက်လည်း သားငယ်လေး ကောင်းခန့်ကျော် လာရောက်ကန်တော့တဲ့ ပုံရိပ်လေးတွေကို ကြည်နူးဖွယ် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Htoo Khant Kyaw,CRD-Emily (Cele Gabar)