(၂၉)နှစ်ငယ်တဲ့လူက အသက်လိမ်တွဲတာမျိုးနဲ့ ကြုံခဲ့ဖူးတဲ့ ကိုရီးယား YouTuber

အရွယ်နဲ့ မလိုက်အောင် အရမ်းနုပျိုလွန်းတဲ့ ကိုရီးယား YouTuber တစ်ယောက်ရှိပါတယ်။သူမရဲ့ အသက်နဲ့ မလိုက် အောင် နုလွန်းတဲ့ အ ကြောင်းကို လည်း အရင်တုန်းက သတင်းတွေ မှာ ဖော်ပြတာ ခံခဲ့ရဖူးပါတယ်။တကယ်လည်း သူမရဲ့ အသက် နဲ့ ရုပ် နဲ့ က အရမ်း ကို ကွာ လွန်း နေတာပါ။ YouTuber တစ်ယောက်ဖြစ်တဲ့ Lee Soo Jin က တော့ အသက် နဲ့ မလိုက်အောင် အရမ်းနုလွန်းတဲ့ သူမကို အသက် လိမ် ချဉ်း ကပ်တဲ့ အမျိုးသား မျိုးနဲ့ ကြုံ ခဲ့ဖူးတဲ့ အကြောင်း ထုတ်ပြောလာခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ All Kpop မှာ ဖော်ပြထားတာပါ။

Lee Soo Jin ရဲ့ အသက်ကေ တာ့ ၅၂ နှစ်ပါ။ဒါပေမယ့် ရုပ်လေးက ၅၀ ကျော်လို့ ကို လုံး၀ ထင် ရက်စရာ မရှိပဲ ၃၀ ကျော် စ အရွယ် လို့ပဲ ထင် ရ တဲ့ အထိ နုပျို လွန်းသူပါ။ဇန်နဝါရီ ၄ ရက်နေ့မှာတော့ Lee Soo Jin က သူမရဲ့ Youtube Channel မှာ ဗီဒီယိုဖိုင် တစ်ခု တင်ခဲ့ပါတယ်။ခေါင်း စဉ်က တော့ “အသက် ၂၉ နှစ်ငယ်တဲ့ ချစ်သူနဲ့ လက်ထပ်’ ဆိုပြီး ပေးထားပါတယ်။သူမရဲ့ Fan တွေ က တော့ ဒီဗီဒီယို ကို တော်တော် လေး စိတ်ဝင်စားခဲ့ကြပါတယ်။အသက်နဲ့ မလိုက်အောင် အရမ်းနု နေတဲ့ သူမကို အသက် လိမ်ပြီး ဒိတ်တဲ့ ယောက်ျား အကြောင်းကို ပြောပြထား တာပါ။ကောင်လေးဘက်က အသက် အရမ်းငယ်လွန်းတာမို့ တကယ့် အသက်အမှန်ကို သိရင် Lee Soo Jin က လက်ခံ မပေးမှာ စိုးလို့ လိမ် ခဲ့ ပုံ ရပါတယ်။

“ကျွန်မ အသက် ၁၉ နှစ်ပြည့် တော့ ခရစ်စမတ် မှာ ကောင်လေး တစ်ယောက် နဲ့ ဒိတ် တယ်။ချစ်သူ မရှိတဲ့ အချိန်ဆိုတာ ကျွန်မ မှာ မရှိခဲ့ဖူး ဘူး။ဒါ ကတော့ နှစ် ၃၀ အတွင်း ချစ်သူ မရှိပဲ ခရစ်စမတ်ကို ပထမဆုံး အကြိမ် တစ်ယောက်တည်း ဖြတ်သန်း တာပဲ။ဒီတော့ ကျွန်မ တစ်နေ့ လုံး အိပ် နေရုံပဲ ရှိတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။အသက် ၁၉ နှစ်သမီးတည်းက တောက်လျောက် ချစ်သူတွေ ထားလာခဲ့တဲ့ သူမက ၂၀၂၀ ခရစ်စမတ် ကျ မှ ချစ်သူ မရှိပဲ ဖြတ်သန်းရတဲ့ အကြောင်းကို ပြောလာခဲ့ပါတယ်။

အဲ့ဒီမှာပဲ အရင် တုန်းက တွဲဖူးတဲ့ ရည်းစားအကြောင်းကို ထုတ်ပြောခဲ့ပါတယ်။သူမတွဲ တဲ့ ရည်းစားတွေ က သူမနဲ့ အသက် အရမ်း ကွာ ကြတယ်လို့ လည်း ပြောခဲ့ပါတယ်။”ကျွန်မ ထက် အသက်ကြီးတဲ့ ချစ်သူတွေ လည်းရှိဖူးပါတယ်။ဒါပေမယ့် ကျွန်မ ထက် ငယ်တဲ့ တစ်ယောက် ရှိခဲ့ဖူးပါတယ်။ တမင်ကြီး ငါ့ထက် ငယ်တာ နဲ့ တွဲမယ်ဆိုပြီး တွဲတာ မဟုတ်ပါဘူး။တကယ့် အသက်ထက် ပိုကြီး တယ်လို့ လိမ်ပြီး ကျွန်မ ကို ပြောခဲ့တာ။

 

သူ့ရဲ့ တကယ့် အသက်က ၂၃ ပဲရှိသေး တော့ ကျွန်မထက် ၂၉ နှစ်လောက် ငယ်နေတယ်။ကျွန်မ သူ့ကို လက်ထပ်လုနီး ပါး အထိ ဖြစ်ခဲ့ဖူးတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။ပရိသတ်တွေ ကတော့ အဲ့ဒီလူက ရုပ်ရင့်နေလို့ ခုလို ညာလို့ ရတာ ဖြစ်မယ်၊ခင်ဗျားက အရမ်း နု နေတော့ ကောင် လေး က အသက် လိမ်ပြီး လာတွဲ တာပေါ့ ၊ဒါဆို သူက ခင်ဗျားသမီးနဲ့ ရွယ်တူ လောက် ပေါ့..အစရှိသဖြင့် အမျိုးမျိုး မှတ်ချက် ပေးခဲ့ ကြပါတယ်။

CRD-SHWEMOM