မေမေသရုပ်ဆောင်တာကိုကြည့်ပြီးလိုက်ငိုနေတဲ့ သမီးလေးရဲ့ဗီဒီယိုရိုက်ကူးပြီးချစ်မဝဖြစ်နေတဲ့ ချောရတနာ

ပရိသတ်အချစ်တော် အကယ်ဒမီ မင်းသမီးချောလေး ချောရတနာကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေ ခေတ္တရပ်နားထားပြီး ချစ်ရတဲ့ သားသား မီးမီးတို့နဲ့ အတူ မိသားစုကို အချိန်ပေးနေတာပဲဖြစ်ပါတယ် ။ ချစ်စရာ သားလေးနဲ့ သမီးလေးတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အမြဲလိုလို မျှဝေပေးနေတာပဲဖြစ်ပါတယ် ။

လတ်တလောမှာတော့ ချောရတနာက သူမ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကိုကြည့်ပြီး ငိုနေတဲ့ သမီးလေးရဲ့ချစ်စဖွယ် ဗီဒီယိုလေးကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ အမေသရုပ်ဆောင်တာကြည့်ပြီး လိုက်ငိုနေတယ်ကွယ် ကြွေပြီပေါ့ Co Co ရယ် ဦးတီကိုစိတ်တွေဆိုးနေတယ် ဆိုတဲ့စာသားလေးနဲ့အတူ သူမသရုပ်ဆောင်တာကို တကယ်ထင်ပြီး ဝမ်းနည်းနေတဲ့ သမီးလေးကို ဗီဒီယိုရိုက်ကူးထားပြီး ချစ်မဝဖြစ်နေတာပါ ။

ပရိသတ်တွေကလည်း ချစ်ဖို့ကောင်းပြီး ငယ်ငယ်လေးနဲ့ သိတတ်လွန်း တဲ့ သမီးလေးတစ်ယောက်ရထားတဲ့ ချောရတနာအတွက် ဂုဏ်ပြုစကားလေးတွေရေးသားခဲ့ကြပါတယ် ။ ချောရတနာကိုချစ်တဲ့ ပရိသတ်ကြီးအတွက်လည်း သူမရဲ့ သမီးငယ်လေး Co Co ရဲ့ ချစ်စဖွယ် ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source :Chaw Yadanar,CRD-Emily (Cele Gabar)