လတိုင်းလတိုင်း နေလုံးဝမထွက်တဲ့ ဥတ္တရယဉ်စွန်းတန်းအစွန်က နော်ဝေမြို့ငယ်လေး

အနောက်ဥရောပမှာ နေလုံးဝမထွက်တဲ့ ဒေသတွေရှိသလို၊ နေလုံးဝမဝင်တဲ့ ဒေသတွေ ရှိပါတယ်။ နှစ်တစ်နှစ်ရဲ့ ကာလအပိုင်းအခြားအားဖြင့် တချို့ဒေသတွေမှာ (၅)လတိုင် နေမထွက်တာမျိုးရှိသလို၊ တချို့ဒေသတွေမှာလည်း (၅)လလောက် နေလုံးဝမဝင်တဲ့ ဒေသတွေ ရှိပါတယ်။ ဒါကတော့ ပထဝီဝင်သဘောတရားအရ ဝင်ရိုးစွန်းဒေသတွေမှာ နေ့နဲ့ညနဲ့ လုံးဝမရှိတဲ့သဘောမျိုး ဖြစ်ပါတယ်။

အဲဒီဒေသတွေမှာ နေလမ်းကြောင်း အနည်းငယ်တိမ်းစောင်းတဲ့ ရာသီမျိုးမှာဆိုရင်တော့ နေ့အလင်းရောင်မရှိ ညအမှောင်အတိ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ဒေသတွေမှာ ဆောင်းရာသီဆို နေ့တာတိုရခြင်းကလည်း ဒီသဘောတရားဖြစ်ပြီး၊ နေရဲ့လမ်းကြောင်း ကမ္ဘာပေါ်ကို တိမ်းစောင်းကျရောက်တဲ့အတွက် နေအလင်းရောင်ကို ရတဲ့အချိန် တိုတောင်းရခြင်းပါ။

(၁)

နွေဆိုရင်လည်း နေရဲ့လမ်းကြောင်းက ကမ္ဘာကြီးရဲ့ တည့်တည့်ပေါ်ကနေ ဖြတ်သန်းတာဖြစ်ခြင်းကြောင့် နေ့တာရှည်ပါတယ်။ ဝင်ရိုးစွန်းဒေသတွေမှာတော့ နေရဲ့အလင်းရောင်ကို အစအဆုံးရဖို့ မလွယ်ကူတာကြောင့် အဲဒီဒေသတွေဟာ ရေခဲတွေ၊ ရေခဲပြင်တွေနဲ့ ပြည့်နှက်နေပြီး၊ နွေရာသီမိုးရာသီမရှိ ဆောင်းရာသီတစ်ခုတည်းသာ ရှိတယ်လို့ သတ်မှတ်လို့ရပါတယ်။

(၂)

တချို့ဒေသတွေမှာတော့ ဒေသစံတော်ချိန် (၁၀)နာရီဝန်းကျင်လောက်မှ နေကို မြင်ရပြီး၊ နောက်ထပ် (၂)နာရီလောက်ဆို နေဝင်ပါပြီ။ အခုလည်း နော်ဝေနိုင်ငံက Longyearbyen မြို့လေးဟာ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလကနေ ဖေဖော်ဝါရီလအတွင်း နေ့ခင်းနေ့လည်ခင်းဆိုတာ လုံးဝမရှိဘဲ (၂၄)နာရီ ညဖြစ်နေတဲ့ မြို့လေးဖြစ်ပါတယ်။ ဒါကြောင့် Long Year Town လို့ ခေါ်ကြပါတယ်။

(၃)

မြို့လေးဟာ ဥတ္တရယဉ်စွန်းတန်း 78°13′N 15°38′E အရပ်မှာ တည်ရှိပြီး၊ ယခင်တုန်းကတော့ ကျောက်မီးသွေးမိုင်းလုပ်သားအများစု နေကြပါတယ်။ အခုတော့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေ၊ ဥတ္တရယဉ်စွန်းတန်းရဲ့ ညအလှကို ဓာတ်ပုံရိုက်လိုသူတွေအများစု လာရောက်နေထိုင်ကြပြီး၊ တချို့ဆိုရင်တော့ ဥတ္တရယဉ်စွန်းတန်းအလှကို မက်မောလွန်းလို့ လရှည်တည်းခိုနေထိုင်တာမျိုး ရှိပါတယ်။

(၄)

ဒီဓာတ်ပုံတွေကတော့ သဘာဝပတ်ဝန်းကျင် ဓာတ်ပုံဆရာမလေးတစ်ယောက်ဖြစ်တဲ့ Maria Sahai ရဲ့ လက်ရာတွေပါ။ သူမဟာ Longyearbyen မြို့လေးမှာ လအတန်ကြာနေထိုင်ပြီး၊ ဓာတ်ပုံရှုခင်းတွေ၊ အများချစ်ခင်တဲ့ ဥတ္တယဉ်စွန်းတန်းညရဲ့ အလှတရားတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဓာတ်ပုံပေါင်း ရာဂဏန်းလောက်ရှိတဲ့အနက်က အကောင်းဆုံးဓာတ်ပုံတွေကို စုစည်းဖော်ပြပေးလိုက်တာပါ။

(၅)

(၆)

(၇)

(၈)

(၉)

(၁၀)

(၁၁)

(၁၂)

(၁၃)

(၁၄)

Ref ; BoredPanda,CRD-လင်းဇော်ကို