မလေးရှားနိုင်ငံ၊ Kota Bharu မှာ တာဝန်ထမ်းဆောင်တဲ့ ရဲမေလေးတစ်ယောက်ကတော့ ရဲယူနီဖောင်းနဲ့ TikTok ရိုက်ကူးခဲ့လို့ စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူခံရတော့မှာလို့ သိရပါတယ်။ အဆိုပါ ရဲမေရဲ့ကိစ္စကို အထက်ရဲအရာရှိတွေက စုံစမ်းစစ်ဆေးနေပြီး၊ မလေး လူမှုအသိုင်းအဝိုင်းမှာတော့ ရဲမေဘက်က ရပ်တည်နေသူတွေ ရှိပါတယ်။
ဗွီဒီယိုမှာ အိန္ဒြေပျက်ယွင်းလောက်စရာ အမှားအယွင်း တစ်စက်မှမရှိဘဲ၊ မလေးရှားရဲတပ်ဖွဲ့ရဲ့ မလိုအပ်တဲ့ တင်းမာတဲ့လုပ်ရပ်တွေက တခြားသက်ရောက်မှုတွေလည်း မြောက်များစွာရှိနေနိုင်တယ်လို့ သုံးသပ်သူတွေ ရှိနေပါတယ်။ ရဲမေလေးရဲ့ဗွီဒိယိုဟာ ကနဦးတုန်းက ဘာမှ ပြောစရာမရှိပေမယ့်၊ လူမှုကွန်ရက်မှာ လူကြည့်များလာမှ-
တာဝန်ရှိသူတွေက စည်းကမ်းချိုးဖောက်တယ်လို့ တံဆိပ်ကပ်ခဲ့တာပါ။ ဒီဗွီဒီယိုဟာ ရဲမှူးကြီးအဖြစ် တာဝန်ယူထားရတဲ့ Tan Sri Abdul Hamid Bador ထံကိုတောင် ပေါက်ကြားသွားခဲ့ရာ၊ အရေးယူမှုတွေပြုလုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံမှာ TikTok ဆော့တဲ့ရဲတွေကို အထူးသဖြင့် ရဲမေတွေကို လိုသလို အမှုဆင်ပြီး-
အရေးယူ ဖိနှိပ်မှုတွေ ရှိနေပါတယ်။ မကြာသေးခင်ပဲ ရဲမေတစ်ဦး ယူနီဖောင်းဝတ်နဲ့မဟုတ်ဘဲ အားလပ်ချိန် TikTok ကစားခဲ့တာကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ရဲမှူးကြီး Tan Sri Abdul Hamid Bador ကတော့ ” ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ တာဝန်ချိန်မှာ ယူနီဖောင်းနဲ့ ဒီလိုလုပ်တာဟာ
မသင့်လျှော်ဘူး … ဒါက ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကို ထိခိုက်စေတယ် “လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် လူငယ်တော်တော်များများကတော့ အခုလို မလိုအပ်ဘဲ အရေးယူမှုတွေ ပြုလုပ်တာကမှ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကို ထိခိုက်စေတာဖြစ်ကြောင်း၊ ရဲဘက်ကပဲဖြစ်ဖြစ် စစ်ဘက်ကပဲဖြစ်ဖြစ် ပြည်သူတွေဘက်ကို ကြည့်ပြီး ပြည်သူ့ကျင့်ဝတ်တွေနဲ့ စံထိုးတဲ့အခါ-
KOTA BHARU – Seorang anggota Polis wanita dari Kontinjen Kelantan berdepan tindakan tatatertib selepas muatnaik video menerusi aplikasi Tik Tok sewaktu memakai uniform operasi polis. Siasatan dijalankan oleh Jabatan Integriti dan Pematuhan Standard (JIPS) Kelantan. pic.twitter.com/0tro8VqpNq
— Jabatan Netizen Malaysia (@jnmalaysia) December 5, 2020
ဥပဒေတွေကို ဘေးဖယ်ထားရတာမျိုးတွေလည်း ရှိတယ်လို့ ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ TikTok ဆော့ခဲ့တဲ့ ရဲမေလေးကို abatan Integriti dan Pematuhan Standard (JIPS) Kelantan က စုံခုံဖွဲ့စစ်ဆေးနေပြီး၊ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းကွန်ရက်ပေါ်မှာ သူမရဲ့နာမည်၊ ရာထူး၊ တာဝန်ကျရာနေရာတွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
Ref ; WorldOfBuzz,CRD-လင်းဇော်ကို