ပုရိသတွေပြောတဲ့ သူတို့သဘောအကျဆုံး ၊ အသဲအယားဆုံး ပျိုပျိုမေတို့ရဲ့ အပြုအမူများ

ယောကျ်ားလေးတွေရဲ့စိတ်ကတော့ နားလည်ရခက်ပါတယ်။ သူတို့ ကြိုက်တာ မကြိုက်တာတွေကို သိပ်ထုတ်ပြောကြလေ့မရှိသလို မိန်းကလေးတွေနဲ့ပတ်သတ်ရင်လည်း သိုသိပ်တတ်ကြပါတယ်။ သူ့ဘက်ကကိုယ့်ကိုသဘောကျနေလား ၊ ကိုယ့်ရဲ့အပြုအမူတွေကရော မှားနေလားဆိုပြီး တွေဝေနေတဲ့ မိန်းကလေးတွေအတွက် ယောကျ်ားလေးတွေပြောတဲ့ သူတို့သဘောအကျဆုံး ၊အသဲအယားဆုံး မိန်းကလေးတွေရဲ့အပြုအမူလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…

(1) ဆံပင်မြင့်မြင့် စည်းတာ

ယောကျာ်းလေးတွေက သူတို့ရှေ့မာ မိန်းကလေးတွေ ဆံပင်စည်းလိုက်တဲ့ပုံစံကို နှစ်သက်ကြပါတယ်တဲ့။ အိမ်အလုပ်လုပ်လို့ပဲဖြစ်ဖြစ် ၊ ပူလို့ပဲဖြစ်ဖြစ် ဆံပင်စည်းလိုက်တဲ့အခါ သူတို့မျက်စိထဲ ချစ်စရာကောင်းတယ်လို့မြင်ကြပါတယ်။

(2) နှာခေါင်းရှုံ့တာ

တစ်ခုခုကို အာရုံစိုက်နေတဲ့အခါမျိုး၊ စကားပြောတဲ့အခါမျိုးတွေမှာ နှာခေါင်းလေးရှုံ့သွားတဲ့ မိန်းကလေးတွေရဲ့ အပြုအမူကိုလည်း အရမ်းချစ်စရာကောင်းလို့ နှစ်သက်ကြပါတယ်တဲ့

(3) Hoodie ဌားဝတ်တာ

အေးတဲ့အခါမျိုးမှာ Hoodie ဌားဝတ်တာ၊ အနွေးထည်ဌားဝတ်ထားတဲ့ ပုံစံမျိုးလေးတွေကိုလည်း သဘောကျကြပါတယ်။ အင်္ကျ ီ ပွပွလေးနဲ့ လက်လေးတွေဖုံးပြီး မမြင်ရတဲ့ ပုံစံလေးက အရမ်းကိုချစ်စရာကောင်းနေတတ်လို့ပါတဲ့။

(4) ပခုံးပေါ်မှီတာ

လက်မောင်းလေးကိုင်ပြီး သူတို့ပခုံးပေါ် ခေါင်းမှီလိုက်တဲ့အချိန်မျိုးဆို အရမ်းနှစ်သက်ပြီး ရင်ခုန်ကြပါတယ်။ လမ်းလျာက်ရင်း ဒီလိုအပြုအမူလေးတွေ ပြုလုပ်ပြီဆိုရင် ချစ်စိတ်တွေပါ ပိုတိုးလာပါတယ်တဲ့

(5) ဆံပင်သပ်တာ

ရှေ့ဆံပင်လေးကျနေတဲ့အခါ လေနဲ့မှုတ်ပြီးဆော့တာလေးတွေ ၊ ဆံပင်သပ်တာလေးတွေကိုလည်း သဘောကျကြပါတယ်။

(6) လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာ

နှစ်ယောက်လက်တွဲသွားတဲ့အခါ ယောက်ျားလေးတွေက သူတို့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာတဲ့ ပုံစံမျိုးကို ပိုသဘောကျကြတယ်လို့ ဖွင့်ဟထားပါတယ်။ နွေးထွေးမှုကိုခံစားရပြီး သူတို့အနေနဲ့ ကာကွယ်စောင့်ရှောက်ပေးရမယ့် ခံစားချက်မျိုးဝင်မိစေလို့ပါ။

(7) တစ်ခြားသူတွေအပေါ် ဂရုစိုက်တဲ့အခါ

ယောကျာ်းလေးတွေက ယဉ်ကျေးပြီး ကြင်နာတတ်တဲ့ မိန်းကလေးပုံစံမျိုးကို ပိုနှစ်သက်ကြပါတယ်။ သူတို့ရှေ့မာ လူကြီးသူမတွေကို ကူညီပေးတာ ၊ ကလေးလေးတွေကို ချီလိုက်တာ စတဲ့အပြုအမူလေးတွေက အရမ်းကိုရင်ခုန်စေပါတယ်တဲ့

(8) ခြေထောက် တင်ပြီးထိုင်တာ

အတူတူထိုင်နေတဲ့အချိန်မှာ ချစ်သူမိန်းကလေးက သူတို့ပေါင်ပေါ် ခြေတစ်ဖက်တင်ပြီး ထိုင်တာမျိုးကိုလည်း ကြိုက်ကြပါတယ်။ ပိုပြီး ရင်းနှီးတဲ့ ခံစားမှုမျိုးနဲ့ အသဲယားဖို့လည်းကောင်းပါတယ်တဲ့။

CRD-Aunty May