သားရဲ့မျိုးဆက်သစ်ကိုလည်း နိုင်ငံကျော်မင်းသားလေးဖြစ်စေချင်တယ်ဆိုတဲ့ စွမ်းဇာနည်ရဲ့မွေးစား မိဘများ

ပရိသတ်အချစ်တော် နိုင်ငံကျော် ဇာတ်မင်းသားတစ်ယောက်ဖြစ်တဲ့ စွမ်းဇာနည်ရဲ့ မွေးစားမိဘ နှစ်ပါးဖြစ်တဲ့ ဦးဉာဏ်မင်းအောင်နဲ့ ဒေါ်မေနှင်းတို့ နှစ်ယောက်ကတော့ သားလေးကို မိဘအရင်းတွေနဲ့မခြား အရမ်းကိုချစ်ကြတဲ့ သူတွေပါ ။ အနုပညာကိုချစ်တဲ့မိဘတွေအတွက် သူတို့ဖြစ်စေချင်သလို စွမ်းစွမ်းတမံစွမ်းဆောင်နိုင်တဲ့ သားဖြစ်သူကို အချစ်ရေးနဲ့ပတ်သက်လာရင်လည်း သားချစ်တဲ့မိန်းကလေးကို ဘယ်လိုပဲဖြစ်ဖြစ် လက်ခံပြီး သားစိတ်ချမ်းသာရင်ပြီးရော လို့ ဆိုလာပါတယ် ။

အကယ်၍များမြေးလေးများရခဲ့ရင်လည်း စွမ်းလို နိုင်ငံကျော် ဇာတ်မင်းသားလေး ဖြစ်အောင် မွေးပေးချင်သေးတယ်လို့လည်း သူတို့ရဲ့ ဆန္ဒကိုပြောပြလာခဲ့ပါတယ် ။ စွမ်းကလည်း အိမ်ထောင်ပြုဖို့ကအစီစဉ်မရှိသေးဘူးဆိုတော့ သားဖြစ်သူကိုပဲ ကလေးလိုရော လူကြီးလိုရောချစ်ပြီး မသေခင်တော့ သားလေးနားမှာ ပျော်ပျော်ရွှင်ရွှင်နေသွားချင်တယ်လို့ စွမ်းရဲ့ မွေးစားမိဘတွေက ဆယ်လီကမ္ဘာအင်တာဗျူးမှာဖြေဆိုခဲ့ကြပါတယ် ။

မွေးစားအမေဖြစ်တဲ့ မေနှင်းကတော့ သားကိုဘယ်လောက်ထိချစ်လည်းဆို သေရင်တောင် သားလက်ပေါ်မှာပဲ သေချင်တာသူမရဲ့ ဆန္ဒပါတဲ့ ပရိသတ်ကြီးရေ ..။ စွမ်းဇာနည်ကို ချစ်ခင်ကြတဲ့ ပရိသတ်ကြီးအတွက်လည်း စွမ်းရဲ့ မွေးစားမိဘနှစ်ပါးကို မေးမြန်းထားတဲ့ အင်တာဗျူးလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Exclusive On Cele Gabar,CRD-Emily (Cele Gabar)