နှစ်သစ်လက်ဆောင်ရခဲ့တဲ့ အမိုက်စားစန္ဒယားကြီးနဲ့ ဂီတလက်စွမ်းပြနေတဲ့ဖြူဖြူ့ရဲ့ အပျော်တွေကို အမိအရမှတ်တမ်းတင်နေတဲ့ ကျော်ထက်အောင်

ချစ်ခင်ရတဲ့ ဖွားရှင် (ချမ်းမြေ့ဂုဏ်ဝေ သီလရှင်စာသင်တိုက်) က ဆရာလေးလက်ဆောင်ပေးတဲ့ စန္ဒယားလေးကို တမြတ်တနိုး တီးခတ်ပြီးပျော်မဆုံးဖြစ်နေတဲ့ ဖြူဖြူ့ရဲ့ကျေနပ်ပီတိတွေကို ကျော်ထက်အောင်က အမိအရဓာတ်ဖမ်းပေးခဲ့ပါတယ်။ လက်ဆောင်ဆိုတာ ချစ်သူခင်သူတွေ အချင်းချင်း မေတ္တာအတိမ်အနက်ကိုဖော်ပြတဲ့သင်္ကေတပါပဲ။

ဒီလက်ဆောင်လေးဟာ ဖြူဖြူ့အတွက်တော့အရမ်းကိုအသုံးဝင်ပြီး မေတ္တာနဲ့ပေးတာမို့ တန်ဖိုးမဖြတ်နိုင်လောက်စရာပါပဲ။ သီချင်းကောင်းတွေကိုအမြဲတမ်းဖန်တီးတတ်တဲ့ ဖြူဖြူ့အတွက်တော့ အထောက်အကူကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မြတ်နိုးတဲ့ဂီတတွေကို နောက်ထပ်ဆန်းသစ်ပြီးဖန်တီးနိုင်တော့မှာမို့ ဖြူဖြူကပျော်မဆုံးပါပဲ။

စန္ဒယားလက်သံစမ်းနေတဲ့ပုံလေးတွေကို ” နှစ်သစ်လက်ဆောင်လေး ကြွားပါရစေနော်။ ဖြူဖြူသီချင်းလေးတွေတီးဆိုဖန်တီးဖို့ဆိုပြီး Piano ကောင်းကောင်းလေးတစ်လုံး လက်ဆောင်ပို့ပေးတဲ့ ဖွားရှင် (ချမ်းမြေ့ဂုဏ်ဝေ သီလရှင်စာသင်တိုက်) ကို ရိုသေစွာကျေးဇူးတင်ပါတယ်ရှင်။ အရမ်းကိုလှပတင့်တယ်ပြီး အသံထွက်လေးလည်း အရမ်းကြိုက်ပါတယ်ရှင့်။ ဓါတ်ပုံမှတ်တမ်းတင်ပေးတဲ့ အစ်ကိုကြီးလည်း ကျေးဇူးနော် ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

 

Photo – Phyu Phyu Kyaw Thein,CRD-Happy – Cele Zone