သိပ်ချစ်ရတဲ့ချစ်သူလေးကို အလင်းပြလိုက်တဲ့ မေမီကိုကို

မေမီကိုကိုပရိသတ်ကြီးရေ မေမီကိုကိုကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းပြီးရိုးသားပွင့်လင်းလွန်းလှတဲ့ မေမီလေးကတော့ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်လို့လည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ချပြလာခဲ့ပါတယ်။

မေမီကသူ့မှာ ချစ်ရတဲ့ ချစ်သူလေးရှိနေတဲ့အကြောင်းကို Relationship Statusလေးတင်ပြီး သူ့ရဲ့ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ အသိပေးဖော်ပြလာခဲ့တာပါ။ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်ညီအစ်ကိုမောင်နှမ သူငယ်ချင်းတွေကတော့ မေမီနဲ့သူ့ရဲ့ချစ်သူတို့နှစ်ယောက်ရဲ့ မင်္ဂလာသတင်းလေးမကြာခင်ကြားရတော့မှာလို့ မေးခွန်းထုတ်နေပါတယ်။

နတ်ဖက်တဲ့ စုံတွဲလို့ဆိုရလောက်အောင်ကို လိုက်ဖက်ညီလွန်းလှတဲ့ မေမီကိုကိုတို့စုံတွဲလေးကို ဂုဏ်ပြုစကားတွေပြောနေခဲ့ကြပါသေးတယ်။ပရိသတ်ကြီးရေ မေမီကိုကိုကတော့ နေနဲ့လရွှေနဲ့မြလို ရှေ့သွားနောက်လိုက်ညီလွန်းလှတဲ့ သူ့ရဲ့ချစ်သူလေးကို ပရိသတ်တွေလည်း သိရှိလာအောင်အလင်းပြလိုက်ပါပြီနော်။

Source – May Mi Ko Ko,CRD-Chilli – CeleZone