G ရဲ့ငယ်ဘ၀ အမှတ်တရတွေအကြောင်း တွေကို ပြောပြလာတဲ့ ထွန်းအိန္ဒြာဗို

ပရိသတ်ကြီးရေ The Voice Myanmar ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ G ကတော့ သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗိုရဲ့ တူမလေးပဲဖြစ်ပါတယ် ။ G က G Vocal ဆိုတဲ့ Page ကနေတဆင့် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေကို အချိန်နဲ့တပြေးညီမျှဝေပေးနေတာပါ ။ ထွန်းအိန္ဒြာဗိုကလည်း သူမတူမလေးရဲ့ ငယ်ဘဝအမှတ်တရလေးတွေကို မကြာခဏ မျှဝေပေးလေ့ရှိပါသေးတယ် ။

လတ်တလောမှာတော့ ငယ်ငယ်ကတည်းက မောင်နှမ ဝမ်းကွဲတွေ တရားအကြာဆုံး ထိုင်နိုင်တမ်း ဆော့ရင် G က အမြဲနိုင်သလို ကလေးတွေမို့ melamine ခွက်နဲ့ပေးရင် G က မကြိုက်ဘူး လူကြီးတစ်ယောက်လို ဆက်ဆံမှကြိုက်တာ ဖန်ခွက် နဲ့ပေးပြန်တော့လည်း ကျကွဲ ရော လေ ဆိုတဲ့စာသားလေးနဲ့ G ရဲ့ငယ်ဘဝက အမှတ်တရပုံလေးတွေကို ထပ်မံမျှဝေပေးလာခဲ့ပြန်ပါတယ် ။

ခုလိုငယ်ဘဝပုံလေးတွေ မကြာခဏ တင်ပေးတော့ မခိုင် ရယ် Gရယ် သားသားရယ်….သုံးယောက်လုံးကို ပိုပိုပြီးချစ်လာတယ် လို့ ပရိသတ်တွေက မှတ်ချက်တွေ ရေးသားထားကြတာလည်းတွေ့ရပါတယ် ။ G တို့မောင်နှမတွေကို ချစ်ခင်ကြတဲ့ ချစ်ပရိသတ်ကြီးအတွက် လည်း G ငယ်ဘ၀ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Htun Eaindra Bo,CRD-Emily (Cele Gabar )