မင်းသားကြီးရဲအောင်ရဲ့ဖခင်ဖြစ်သူ နောက်ဆုံးခရီးကို ကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ဦးကျော်သူ

ဦးကျော်သူကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေများစွာ ရရှိထားသလို ပရဟိတအလုပ်တွေကို စံပြထားရလောက်အောင် တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ ပရဟိတမင်းသားကြီးဖြစ်ပါတယ် ။ ဘာသာတရားကိုလည်း အထူးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး အလှူအတန်းတွေကို တတ်နိုင်သလောက်ပါဝင် လှူဒါန်းပေးတာတွေလည်း တွေ့ရပါတယ်။

ဦးကျော်သူဟာ အနုပညာရှင်တစ်ယောက်အဖြစ် အကယ်ဒမီဆုတွေကို ရရှိထားကာ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးထားတဲ့အပြင် ပရဟိတအလုပ်တွေမှာလည်း ကိုယ်ကျိုးစွန့်တဲ့ သူ့ရဲ့မွန်မြတ်တဲ့ စိတ်ထားကြောင့်လည်း ပရိသတ်တွေက အခုချိန်ထိကို လေးစားချစ်ခင်နေကြတာပါ ။

အများပြည်သူတွေအတွက် ပရဟိတအလုပ်တွေကို ကိုယ်ကျိုးစွန့်လုပ်ဆောင်နေတဲ့ ဦးကျော်သူဟာအခုလည်း မင်းသားကြီးရဲအောင်ရဲ့ ဖခင်ဖြစ်သူရဲ့နောက်ဆုံး ခရီးလေးကို ကိုယ်တိုင် ဦးဆောင်ကာ လိုက်ပါပို့ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ဦးကျော်သူနဲ့ အတူ ထွန်းကိုကိုကလည်း လိုက်ပါကာ ဖေးမကူညီပေးခဲ့တာတွေ့ရပါတယ်။

Photo – Kyaw Thu,CRD-Yuan – Cele Zone