နှစ်သစ်မှာ ဦးဦးဖျားဖျားအလှူအတန်းလေးတစ်ခု ပြုလုပ်ခဲ့တဲ့ နေတိုး

ပီပြင်လွန်းတဲ့ အိုက်တင် သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနာမည်ကြီးနေသူကတော့ သရုပ်ဆောင် မင်းသားချောလေး နေတိုးပါပဲ။ စမတ်ကျကျဖက်ရှင်လေးတွေကိုလည်း ရွေးချယ်ဝတ်ဆင်တတ်တာကြောင့်လည်း မိန်းကလေးပရိသတ်များက ကြွေပြီးရင်း ကြွေနေရတာဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကိုလည်း ရရှိပိုင်ဆိုင်ထားကာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားသူလေးပါ ။

ဒါ့အပြင် နေတိုးက သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ရုံတင်သာမက အသံချိုချိုအေးအေးလေးနဲ့ သီချင်းတွေသီဆိုတတ်တာလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်အရွယ်စားတောင့်တင်းပြီး အမြဲအထာကျကျခန့်ညားမှုတွေနဲ့ ချောမောလွန်းနေတဲ့ နေတိုးကတော့ မိန်းမလှလေးတွေ ရဲ့ အားပေးဝန်ရံခြင်းကိုခံနေရသူပါ ။

အလုပ်တွေကြိုးစားလုပ်ကိုင်သလို အလှုအတန်းနဲ့ပတ်သက်လာရင်လည်း တတ်နိုင်သလောက်ပါဝင်လှူတန်းတတ်သူတစ်ယောက်လည်းဖြစ်ရာ အခုလည်း နှစ်သစ်အစလေးမှာ ဦးဦးဖျားဖျား အလှူအတန်းပြုလုပ်ခဲ့ကြောင်း ပုံလေးတွေနဲ့အတူ ” နှစ်သစ်ဦးအလှူလေးအားပရိသတ်များအားလုံးအမျှရကြပါစေခင်ဗျာ “ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါရစေ။

Photo – Nay Toe,CRD-Yuan – Cele Zone