ချစ်ရတဲ့ မြင့်မြတ် ကေညီတို့နဲ့အတူ နယူးရီးယားညလေးကို သီချင်းတွေဆိုစနောက်ပြောင်ရင်းဖြတ်သန်းခဲ့တဲ့ ယုန်လေးရဲ့ဗီဒီယိုဖိုင်

ယုန်လေးကတော့ ဂီတပိုင်းမှာ အမိုက်စားသီချင်းကောင်းတွေနဲ့ အောင်မြင်သလို သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ရုပ်တွေကို ကိုယ်တိုင်သရုပ်ဆောင်ပြီး ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားတွေရိုက်ကူးထားကာ သူ့ရဲ့ ခပ်မိုက်မိုက် ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေကိုအကြိုက်တွေ့သဘောကျစေတာလည်း အားလုံးမြင်တွေ့ရမှာပါနော်။

ယုန်လေးကတော့ အမြဲပျော်ပျော်နေတတ်သူလည်းဖြစ်ရာ သူငယ်ချင်းတွေနဲ့ဆိုရင်လည်း စနောက်ပြောင်လျက်ရှိတာတွေ့ရပါတယ် ။ အထူးသဖြင့် မင်းသားချောမြင့်မြတ်၊ ထူးခြား၊ Kညီတို့နဲ့လည်း ညီအစ်ကိုအရင်းတွေလို ချစ်ခင်ရင်းနှီးကြတဲ့သူတွေလည်း ဖြစ်ပါတယ်နော်။ အမြဲလိုလို အတူသွားအတူပျော်ကာ ညီအစ်ကိုအရင်းသဖွယ် ချစ်ခင်ကြသူတွေပါ ။

 

 

အခုလည်း နယူးရီးယားညလေးမှာ မြင့်မြတ် ကေညီတို့နဲ့အတူ စုပြီး စားကြသောက်ကြရင်း သီချင်းတွေဆိုကာ လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင် နှစ်သစ်ကို ကြိုဆိုခဲ့ကြကြောင်း ဗီဒီယိုလေးကိုဝေမျှလာတာဖြစ်ပါတယ်။ ဗီဒီယိုလေးကြည့်ပြီး အပျော်တွေ ကူးစက်မိရအောင် လွတ်လပ်ပျော်ရွှင်နေကြတာကိုတွေ့မြင်ရတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photo – Yone Lay,CRD-Yuan – Cele Zone