ကိုဗစ်စင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ကျေခဲ့တဲ့ သမီးလေးအတွက် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ မင်းမော်ကွန်း

ကောင်းမွန်တဲ့အဆုံးအမတွေနဲ့ကြီးပျင်းလာခဲ့တဲ့ ကလေးတွေဟာ ကောင်းမွန်တဲ့အမူအကျင့်တွေ နဲ့ နိုင်ငံနဲ့လူမျိုးအတွက် အကျိုးပြုတတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ မင်းမော်ကွန်းရဲ့သမီးလေးဟာ လူငယ်ပေမယ့် စေတနာကတော့ မသေးငယ်ခဲ့ပါဘူး။ Fortune Plaza မှာရှိတဲ့ Happy Covid Center မှာ စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်ကူညီပေးခဲ့ပါတယ်။

သမီးလေးရဲ့စိတ်စေတနာကိုလည်း ပါရမီဖြည့်ပေးပြီး ကူညီခွင့်ပြုခဲ့တဲ့ မင်းမော်ကွန်းတို့ ဇနီးမောင်နှံဟာလည်း လေးစားထိုက်သူတွေ ပါပဲ။ အနုပညာရှင်တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေကိုရသအစုံခံစားစေခဲ့ပြီး သမီးလေးကိုလည်း တာဝန်သိတတ်တဲ့ လူလိမ်မာလေးဖြစ်အောင် ပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။

 

 

ချစ်သမီးလေး စေတနာ့ဝန်ထမ်းလုပ်နေတဲ့ပုံရိပ်လေးတွေကို ” Volunteer လေး အိမ်ပြန်ရောက်ပါပြီ Welcome home Ngelay I am so proud of u ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ သာဓုပါ လေပြေရေ။ ဘဝတစ်လျှောက်လုံး အောင်မြင်ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo – Kyaw Kyaw Htay Lwin,CRD-Happy – Cele Zone