မွေးနေ့မှာ ပရိသတ်တွေကို Music Video တစ်ပုဒ်လက်ဆောင်ပေးခဲ့တဲ့ G Fatt

ပရိသတ်တွေကြိုက်နှစ်သက်တဲ့ လူငယ်အဆိုတော်တွေထဲမှာ G Fatt တစ်ယောက်လည်း အပါအဝင်ပါ။ G Fatt ကတော့ ကိုယ်ပိုင်ဖန်တီးတဲ့သီချင်းတွေနဲ့အတူ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီနေ့ကတော့ G Fatt ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကတော့ မွေးနေ့အတွက် မပျက်မကွက်ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ ဒီနေ့မှာတော့ G Fatt က ပရိသတ်တွေကြိုက်နှစ်သက်မှုများခဲ့တဲ့ “ငှက်” သီချင်းကို ပြန်လည်ပြီးတော့ Music Video ရိုက်ကူးထားခဲ့တာပါ။ ဒီသီချင်းထဲက မိန်းကလေးကတော့ တစ်ချိန်က G Fatt ရဲ့ချစ်သူဟောင်းနဲ့နာမည်ရောရုပ်ပါဆင်တူနေတာကြောင့် ချစ်သူဟောင်းကိုသတိရနေတာလားဆိုပြီး ပရိသတ်တွေက စိတ်ဝင်စားနေခဲ့တာပါ။

အောင်မြင်လာတဲ့အချိန်မှာဝေးကွာသွားခဲ့တဲ့အချစ်ရေးလေးကတော့ G Fatt ရဲ့လက်တွေ့ဘဝထဲကအဖြစ်အပျက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတာလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ မွေးနေ့မှစပြီး နှစ်ပေါင်းများစွာပရိသတ်တွေရဲ့အချစ်တွေနဲ့အတူ အောင်မြင်မှုများစွာရရှိစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Source : GFatt,CRD-Cele Gabar