ဘာစီလိုနာနဲ့ နှုတ်ဆက်လမ်းခွဲတွေသေချာဖို့ဖြစ်လာတဲ့ မက်ဆီပိုင် ပေါင် (၇.၂၅)သန်းတန်အိမ်သစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဒဏ်ရာရနေတဲ့ မက်ဆီဟာ သူ့ဘဝရဲ့အရှည်ဆုံး အင်တာဗျူးတခုကို ဖြေကြားခဲ့ပါတယ်။ အစ၊ အလယ်၊ အဆုံးဖြေကြားခဲ့ချိန်မှာ အမေရိကကို ပြောင်းရွှေ့အခြေချဖြစ်နိုင်တယ်လို့ ပရိသတ်တွေကို အသိပေးထားပါတယ်။ ဘယ်နေရာ၊ ဘယ်အချိန်၊ အသင်းလို့ မပါပေမဲ့ ဘာစီနဲ့ လမ်းခွဲမှာ မက်ဆီဟာ ဥရောပမဟုတ်တော့ဘဲ အမေရိကဖြစ်လာဖို့ရှိနေပါတယ်။

ဒေးလီးမေးနဲ့ စပိန်သတင်းဌာန ကန်ဒီနာ ဆာ ကအတူတကွဖော်ပြခဲ့တဲ့ သတင်းတွေအရ မက်ဆီဟာ အမေရိကမှာ အခြေချဖို့ပြင်ဆင်ထားပါပြီ။ ပေါင် ၇.၂၅ သန်းတန်တဲ့ တိုက်အိမ်ကြီးကို မီယာမီကမ်းခြေမှာ ဝယ်ထားပြီဖြစ်တဲ့အပြင် ဒီစံအိမ်ကွို ဝယ်လိုက်တဲ့အနေအထားမရ မက်ဆီဟာ အမေရိကမှာ မီယာမီအခြေစိုက်ကလပ်တခုနဲ့ နှစ်ပါးသွားဖို့ရှိနေပြီလို့ဆိုခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ်းကလည်း အင်တာမီယာမီကလပ်ကို ပိုင်ထားတဲ့အတွက် သို့လောသို့လောသတင်းတွေကလည်း ထွက်နေပါတယ်။ အကြောင်းပြချက်မရှိဘဲ အိမ်ဝယ်မှာ မဟုတ်တဲ့မက်ဆီဟာ အခုလိုဝယ်လိုက်တာက ကစားသမားတွေနယ်မြေသစ်ကိုအခြေချရင် နေရာအသစ်ဝယ်နေကြထုံစံအတိုင်း ဝယ်လိုက်တာလို့ပဲ ကောက်ချက်ချထားပါတယ်။

ကိုယ်တိုင်ကလည်း အနာဂတ်က အမေရိကမှာဖြစ်နိုင်တယ်လို့ ဆိုထားတဲ့အပေါ် မက်ဆီဟာ ကလေးတွေအနာဂတ်အတွက် အမေရိကက အဆင့်မြင့်ကျောင်းတွေမှာထားဖို့ ဆုံးဖြတ်ထားပြီလို့လည်း ခန့်မှန်းနေကြပါတယ်။ တဖက်မှာတော့ ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ပြီး၊ နောက်ထပ် (၂)နှစ်ကစားပြီးမှ အမေရိကကို မက်ဆီပြောင်းရွှေ့လိမ့်မယ်လို့ တဆက်တည်းဖော်ပြထားပါတယ်။

သတင်းဌာနတွေက တင်ဆက်တဲ့အတိုင်းဖြစ်လာရင်တော့ ဘာစီလိုနာပရိသတ်တွေဟာ သူတို့ရဲ့အသင်းခေါင်းဆောင် မက်ဆီကို ၂ နှစ်လောက် ဆက်မြင်နေရဖို့ရှိနေပါတယ်။ မက်ဆီနဲ့ အင်တာဗျူးခဲ့တဲ့ La Sexta နဲ့ အင်တာဗျူးမှာ အသင်းဟာ ရာသီကုန်ဘယ်လိုဆက်ဖြစ်မလဲပေါ်မူတည်ပြီး၊ ကလပ်နဲ့ သူ့အကြား အကောင်းဆုံးဖြစ်မှာကို ဆက်ညှိနှိုင်းသွားမယ်လို့ ဖြေကြားထားတဲ့အတွက် မက်ဆီဆက်နေဖို့ဟာ ရာခိုင်နှုန်းလည်းများနေပါတယ်။

CRD-AZ-SportsGabar