တတိယမြောက်ကိုယ်ဝန် ကို ဆုံးရှုံးလိုက်ရကြောင်းဝမ်းနည်းစွာအသိပေးလာခဲ့တဲ့ မေထွဋ်ခေါင်

လွန်ခဲ့သောနှစ်တွေက သွက်လက်တက်ကြွတဲ့မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် လက်ရှိမှာတော့ အိမ်ထောင်ရှင်မ သမီးလေးတစ်ယောက်ရဲ့ မေမေ အဖြစ် ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ မေထွဋ်ခေါင် ကိုတော့ ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါ ။ လက်ရှိမှာတော့ ချစ်ရတဲ့ခင်ပွန်းနဲ့အတူ သားသမီးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီးသာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။

မကြာသေးမီကမှ တတိယမြောက်ကိုယ်ဝန်ကို ဆောင်ခဲ့ပြီး လတ်တလောမှာတော့ ဝမ်းနည်းစရာသတင်းလေးတစ်ခုကို ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။ ဗိုက်ထဲက သားလေးဆုံးသွားပါပြီ… ဆိုတဲ့စာသားလေးနဲ့အတူ တတိယမြောက်ကိုယ်ဝန်ကို ဆုံးရှုံးလိုက်ရကြောင်း ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အသိပေးခဲ့တာပဲဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ သူမအတွက် စိတ်မကောင်းဖြစ်ကြောင်းနဲ့ ဝမ်းနည်းကြောင်းမှတ်ချက်လေးတွေ ရေးသားခဲ့ကြပြီး အားပေးစကားတွေဆိုခဲ့ကြပါတယ် ။ မေထွဋ်ခေါင်ရဲ့ တတိယမြောက်ရင်သွေးလေး ဆုံးရှုံးသွားတဲ့အတွက် ပရိသတ်တွေနဲ့ ထပ်တူး ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ် ။

Source : May Htut Khaung,CRD-Emily (cele Gabar)