မက်ဆီမရှိတဲ့အချိန်ကစလို့ ပင်နယ်တီကြောင်ပျောက်နေတဲ့ ဘာစီ

အီဘာကို အိမ်ကွင်းမှာ ကစားပြီး သရေရသွားတဲ့ ဘာစီလိုနာဟာ နိုင်ပွဲတခုနဲ့ ဝေးကွာခဲ့ရပါတယ်။ (၁-၁)ရလဒ်ထွက်ပေါ်ခဲ့ချိန် အသင်းအတွက် အဖိုးတန် ပင်နယ်တီကို ရခဲ့ပေမဲ့ တာဝန်ယူကန်သွင်းတဲ့ ကစားသမား ဘရေ့ဝိတ် ဂိုးအဖြစ်မပြောင်းနိုင်ခဲ့လို့ ဘာစီတို့ အနိုင်ရလဒ်နဲ့ဝေးခဲ့ရပါတယ်။

အသင်းခေါင်းဆောင်မက်ဆီဒဏ်ရာရနေပြီးနောက်ပိုင်း ပင်နယ်တီကန်သွင်းသူတာဝန်ကို အဆင်ပြေသလိုယူနေတဲ့ ဘာစီလိုနာဟာ နှစ်ပွဲဆက်ပင်နယ်တီလွဲလာပါတယ်။ ပွဲအစ ၉ မိနစ်မှာပဲ အခွင့်အရေးရလာတဲ့ ဘာစီလိုနာဟာ ဦးဆောင်ဂိုးအဖြစ်ပြောင်းလဲဖို့ အခွင့်အရေးရှိလာပါတယ်။ မက်ဆီမပါတဲ့အတွက် ဘရေ့ဝိတ်ကန်သွင်းခဲ့ချိန် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။

ဒါဟာမ မက်ဆီမကန်သွင်းနိုင်တဲ့နောက်ပိုင်း တာဝန်ယူခဲ့တဲ့ ကစားသမားနှစ်ယောက်လုံး ပင်နယ်တီလွဲတာဖြစ်လာပါတယ်။ လက်ရှိအီဘာနဲ့ပွဲမှာ အနိုင်ဂိုးကို လွဲချော်ခဲ့တဲ့ ဘရေ့ဝိတ်အပြင် ရီးရဲလ်ဘက်တစ်ကို ၅-၂ နဲ့ နိုင်တဲ့ပွဲက ဂရေ့ဇ်မန်း နှစ်ယောက်လုံးဟာ ပင်နယ်တီမဝင်ထားပါဘူး။ နောက်ပိုင်းမှာ အီဘာရဲ့ဦးဆောင်ဂိုးကိုလိုက်ကစားခဲ့ရပြီး၊ ဘာစီတို့သရေပဲကျခဲ့ပါတယ်။

မက်ဆီကတော့ သူ့ရဲ့လက်ရှိဒဏ်ရာဖြစ်တဲ့ ခြေကျင်းဝတ်ကြောင့် အနားယူနေရတုန်းပါ။ အီဘာပွဲကိုပွဲကြည့်စင်ကနေ လာကြည့်ခဲ့ပေမဲ့ မက်ဆီမရှိတဲ့ အသင်းကနိုင်ပွဲတွေနဲ့ဝေးကွာနေခဲ့ပါတယ်။ အာဂျင်တီးနားကနေ အင်္ဂါနေ့မှာ ပြန်လာပြီး၊ အနားမယူဘဲနဲ့ကို အသင်းရဲ့ပွဲစဉ်ကို လာကြည့်တဲ့အထိ အသင်းသားတွေကို အားပေးခဲ့ပါတယ်။

သရေရလဒ်ပဲ ထွက်ပေါ်ခဲ့တဲ့အတွက် ဘာစီလိုနာဟာ လာလီဂါမှာ အဆင့်ခြောက်နဲ့ရပ်တည်နေပါတယ်။ အီဘာကတော့ အဆင့် ၁၄ အထိရပ်တည်နေပြီး၊ ဘာစီလိုနာနဲ့ပွဲမှာ ရခဲ့တဲ့ သရေရလဒ်ကြောင့် တန်းဆင်းဇုန်ရဲ့အထက် ၂ မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။

CRD-AZ-SportsGabar