Music series အဖြစ်နဲ့ သီချင်း(၃)ပုဒ်ဆက်တိုက်ထွက်ရှိလာတော့မယ့် အေးမြဖြူ

အေးမြဖြူကိုတော့ မြန်မာအိုင်ဒေါပြိုင်ပွဲက Top 3 တစ်ယောက်အဖြစ်သိကြသလို ငယ်စဉ်ကတည်းက သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ပရိသတ်တွေရင်းနှီးကြမှာပါ။ အခုလည်း အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်အားပေးမှုလည်း အခိုင်အမာရရှိထားသူပါ။

အေးမြဖြူကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲပြီးတဲ့နောက်ပိုင်းမှာ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိခဲ့ပါတယ်။ အဲ့ဒီအဆွေးသီချင်းလေးနာမည်ကတော့ “လွမ်းနေလို့” ဖြစ်ပြီး ပရိသတ်အာပေးမှုများစွာရရှိခဲ့ပါတယ်။ အခုလည်း သီချင်းအသစ်အတွက်ပြင်ဆင်နေတဲ့အကြောင်းကို ပရိသတ်တွေကိုပြောပြလာတာပါ။

အေးမြဖြူကတော့ သူလေးစားအားကျရတဲ့အိုင်ဒေါတစ်ယောက်ဖြစ်တဲ့ မင်းသားချောနေတိုးနဲ့အတူ Music series (၃) ပုဒ်ကို ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ သူ့ရဲ့ဖေ့ဘွတ်ခ်ကနေတစ်ဆင့်ပရိသတ်တွေကို အသိပေးလာခဲ့တာဖြစ်ပါတယ်။

Source : AyeMyaPhyu,CRD-Cele Gabar