“ရေစက်”သီချင်းထဲက ရိုက်ကွင်းနောက်ကွယ်မှာကြိုးစားခဲ့တဲ့ပုံရိပ်တွေကို မျှဝေလာတဲ့နေတိုး

ကော်နီကတော့ အသစ်ထွက်သမျှသီချင်းတိုင်းကလူကြိုက်များကာရေပန်းစားတဲ့သူတစ်ယောက်ပါ။ အခုလည်း “ရေစက်” ဆိုတဲ့သီချင်းအသစ်ကတော့ ပရိသတ်တွေရဲ့ခံစားချက်နဲ့ကိုက်ညီနေပြန်ပါတယ်။ ဒီသီချင်းရဲ့ MV ထဲမှာတော့ ထိပ်တန်းအနုပညာရှင်နှစ်ဦးဖြစ်တဲ့ နေတိုးနဲ့ဝတ်မှုန်ရွှေရည်တို့ကပါဝင်သရုပ်ဆောင်ထားတာပါ။

သီချင်းထဲမှာပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ရိုက်ကွင်းနောက်ကွယ်ပုံရိပ်တွေကို နေတိုးကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာပြန်လည် ဖော်ပြလာခဲ့ပါတယ်။ သီချင်းကတော့ ကြေကွဲစရာသီချင်းတစ်ပုဒ်ဖြစ်သလို ရွှေကစ်နဲ့နေတိုးရဲ့အမိုက်စားသရုပ်ဆောင်ချက်တွေကြောင့် သီချင်းကပိုပြီးရုပ်လုံးကြွလာခဲ့တယ်လို့ဆိုရမှာပါ။ ရေစက် သီချင်းကတော့ မနေ့ကထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားရေပန်းစားလျက်ရှိနေတာပါ။

(၂၀၂၀) နှစ်ကုန်မှာ ပရိသတ်တွေကိုလက်ဆောင်ပေးခဲ့တဲ့ကော်နီရဲ့သီချင်းကောင်းတစ်ပုဒ်လို့ ဆိုရမှာပါ။ အဆွေးသီချင်းကြိုက်သူတွေအတွက် ကော်နီရဲ့ရေစက် သီချင်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။

Source : Connie,NayToe,CRD-Cele Gabar