သင့်ရဲ့နှာခေါင်းပုံစံကိုကြည့်ပြီး သင့်ဘယ်လိုလူလဲဆိုတာ အတိအကျ ခန့်မှန်းလို့ရပါတယ်

လူတွေရဲ့ ကြန်အင်လက္ခဏာရပ်တွေဟာ အဲဒီလူရဲ့ စိတ်နေစိတ်ထားကို ထင်ဟပ်ပါတယ်။ United States National Library of Medicine ရဲ့ လေ့လာမှုအရ ဥရောပနဲ့ မြေထဲပင်လယ်ဒေသတွေမှာ မတူညီတဲ့နှာခေါင်းပုံစံ (၁၂)မျိုးအထိ ရှိကြောင်း၊ နှာခေါင်းပုံစံကို ကြည့်တာနဲ့ အဲဒီလူရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ စိတ်နေစိတ်ထားတွေကို တွေ့ရပါတယ်တဲ့။ ကဲ ကိုယ့်ရဲ့နှာခေါင်းပုံစံနဲ့ တိုက်ကြည့်ပြီး မှန်မမှန် Comment ရေးနိုင်ပါတယ်။

(၁) Roman nose

ဒီနှာခေါင်းပိုင်ရှင်တွေကတော့ သတ္တိရှိတဲ့လူတွေပါ။ ဘဝမှာ ရှင်းရှင်းဘွင်းဘွင်း နေလေ့ရှိကြပြီး၊ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာလည်း ရဲတင်းပြီး ယုံကြည်ချက်ရှိကြပါတယ်။ သူတို့ဟာ စိန်ခေါ်မှုတွေကို ချစ်ခင်လေ့ရှိပြီး၊ အကွက်မြင်ခြင်း၊ ဉာဏ်ကစားတတ်ခြင်းကြောင့် အလယ်အလတ်အရွယ်မှာ သာမန်အားဖြင့်တော့ လူချမ်းသာတွေ ဖြစ်နေကြပါပြီ။

(၂) Short nose

နှာတိုအမျိုးအစား ဒီနှာခေါင်းမျိုးကို ပိုင်ဆိုင်ထားသူတွေကတော့ ကိုယ့်ကိုယ်ကို သိပ်မယုံကြည်သူတွေ များပါတယ်။ သူတစ်ပါးအပေါ် မှီခိုလွန်းပြီး၊ အပေါင်းအသင်း မက်မောတတ်ပါတယ်။ သူတို့ဟာ လွတ်လပ်မှုကို မက်မောကြသလို၊ အခြားတစ်ဖက်မှာလည်း စိတ်တိုလွယ်ကြသူတွေပါ။ ဖြေရှင်းချက်တွေ မဝံ့မရဲဖြစ်ပြီး မကြခဏ နောင်တရတတ်တဲ့လူတွေ ဖြစ်ပါတယ်။

(၃) Aquiline nose

ဒီနှာခေါင်းပိုင်ရှင်တွေကတော့ ကြီးကြီးကြံ၊ မြင့်မြင့်တွေး၊ ရဲရဲလုပ်သမားတွေပါ။ စိတ်ဓာတ် အလွန်ပြင်းပြသူများဖြစ်ပြီး၊ စွန့်ဦးတီထွင်မှုဆိုင်ရာ နယ်ပယ်တွေမှာ နေရာရလေ့ရှိသူတွေပါ။ ဝီရိယလုံ့လလည်း အလွန်ကောင်းကြပြီး၊ အလုပ်လုပ်ရတာကို ချစ်မြတ်နိုးသူတွေ ဖြစ်ပါတယ်။

(၄) Flat nose

နှာခေါင်းပြားတဲ့ ဒီလိုပုံစံပိုင်ရှင်တွေကတော့ ကလေးဆန်တယ်၊ စိတ်ကောက်တတ်တယ်၊ အိမ်မွေးတိရစ္ဆာန်တွေကို မြတ်မြတ်နိုးနိုးချစ်တတ်ပြီး၊ တစ်ဖက်မှာလည်း တစ်ကိုယ်ကောင်းဆန်သူတွေ ဖြစ်ပါတယ်။ ရုပ်ပိုင်းစိတ်ပိုင်း နှစ်ခုစလုံး မရင့်ကျက်တဲ့အမူအရာတွေ၊ လူရှေ့သူရှေ့ဆို ဇီဇာကြောင်တဲ့ပုံစံတွေ ဖမ်းတတ်ပါတယ်။

(၅) Celestial nose

ဒါကတော့ Flat Nose နဲ့ ဆင်တူနေပါတယ်။ ဒါပေမယ့် သေချာကြည့်ရင် နှာသီးဖျားဟာ ရေပြင်ညီပုံစံဖြစ်ပြီး၊ လုံးဝန်းပါတယ်။ ဒီပိုင်ရှင်တွေကတော့ လက်တွေ့ကျတာကို သဘောကြပါတယ်။ အပြောသမားတွေ မဟုတ်ကြပါဘူး။ တစ်ဖက်အပေါ်မှာ သစ္စာရှိကြပြီး၊ ကတိသစ္စာတည်ကြည်ရတာကို လူ့စည်းကမ်းလို့ သတ်မှတ်ကြသူတွေ ဖြစ်ပါတယ်။

(၆) Greek nose

ဒီနှာခေါင်းပိုင်ရှင်တွေကတော့ သူတို့လုပ်ချင်တာကို မဆုတ်မနစ် ကြိုးစားကြသူတွေပါ။ မခံချင်စိတ်နဲ့ ပြင်းပြတဲ့စိတ်ရှိသူတွေဖြစ်ပြီး၊ အနုပညာဘက်မှာလည်း အကျိုးပေးလေ့ရှိပါတယ်။ အမျိုးသားဆိုရင်တော့ မီဒီယာနဲ့ စီးပွားရေးနယ်ပယ်ဘက်မှာ ဆရာကြီးတွေဖြစ်ကြပြီး၊ အနုပညာဘက်မှာလည်း သူများထက် သင်လွယ်တတ်လွယ်သူတွေပါ။ အများအားဖြင့်တော့ ဘယ်သူ့ကိုမှ မမှီခိုကြပါဘူး။

(၇) Hook nose

ဒီနှာခေါင်းပိုင်ရှင်တွေကတော့ အောင်မြင်မှုတွေကို ဆာလောင်ကြသူတွေပါ။ တစ်ခုရရင် တစ်ခုထပ်ပြီး လိုချင်ကြပါတယ်။ အထူးသဖြင့် ပညာရေးနယ်ပယ်ဘက်မှာ အောင်မြင်ကြလေ့ရှိပြီး၊ စီးပွားရေးနယ်ပယ်ဘက်မှာလည်း အစွမ်းအစ ရှိသူတွေ ဖြစ်ကြပါတယ်။ စကားကို ဒဲ့ဒိုးပြောလေ့ရှိတာကြောင့် ချစ်ခင်သူနည်းပါးခြင်းကိုလည်း ခံရတတ်သူတွေပါ။

(၈) Fleshy nose

အများအားဖြင့်တော့ ဒီလိုနှာခေါင်းကို အမျိုးသားတွေက ပိုင်ဆိုင်ကြပါတယ်။ ဒီနှာခေါင်းပိုင်ရှင်တွေဟာ အများဖြင့် တော်ပြီးထက်မြတ်ကြပေမယ့် စိတ်ခံစားချက်ကို ဦးစားပေးတတ်သူတွေ ဖြစ်ပြီး၊ ဆက်ဆက်ထိမခံ စွာတေးလန်တွေထဲမှာ ပါတတ်ပါတယ်။ သူတို့ဟာ ထင်မြင်ချက်တွေကို သဘောမကျကြပါဘူး။ ကူညီလိုစိတ်ရှိသူတွေ ဖြစ်ပြီး၊ အမျိုးသမီးတွေဆိုရင်တော့ ဟိုတယ်ခရီးနဲ့ အိမ်တွင်းစီးပွားရေးဘက်တွေမှာ ထူးချွန်တတ်ပါတယ်။

(၉) Irregular nose

ဒီပုံမှန်မဟုတ်တဲ့ နှာခေါင်းပိုင်ရှင်တွေကတော့ သီအိုရီနဲ့အတွေးအခေါ်ပိုင်းမှာ ဆရာတစ်ဆူ ဖြစ်တတ်ပါတယ်။ ခေါင်းမာလွန်းသူတွေ၊ အငြင်းသန်သူတွေ ဖြစ်လေ့ရှိပြီး၊ နယ်ပယ်တစ်ခုချင်းဆီတိုင်းမှာ သိနေ၊ တတ်နေ၊ စွယ်စုံရနေတတ်တဲ့ ပညာရှင်အသိုင်းအဝိုင်းထဲမှာ ပါဝင်တတ်ပါတယ်။ သူတို့ဟာ သဘောတရားတွေ၊ နိယာမတွေကို နားလည်လက်ခံသလို၊ ပုံမှန်မဟုတ်တဲ့ အမူအကျင့် တစ်ခုဆီကိုလည်း ပိုင်ထားတတ်ပါတယ်။

(၁၀) Flat nose (၂)

ဒီနှာခေါင်းမျိုးကတော့ အပေါ်မှာဖော်ပြထားတဲ့ Flat nose နဲ့ ခြားနားမှု ရှိပါတယ်။ နှာသီးဖျားတိုပြီး အောက်ကို ငိုက်စင်းနေပါတယ်။ ဒီနှာခေါင်းမျိုုးပိုင်ဆိုင်ထားရင် ရယ်စရာတွေ၊ ဟာသတွေကို ချစ်မြတ်နိုးတတ်ပါတယ်။ ပျော်ပျော်နေတတ်သူတွေ ဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ သူတို့ကို အဆိုးအမြင်ရှိသူတွေလို့ ထင်စရာရှိပေမယ့်၊ သူတို့ဟာ ဘဝကို ယေဘုယျကျကျ နေထိုင်ကြသူတွေပါ။

(၁၁) Narrow nose

ဒီနှာခေါင်းကို ပိုင်ဆိုင်ထားတယ်ဆိုရင် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်ဆိုတာ ညွှန်းဆိုပါတယ်။ ခေါင်းမာတဲ့ အလေ့အကျင့်တွေ ရှိပြီး၊ မာနနဲ့ သိက္ခာပိုင်းလည်း ကြီးမားသူတွေပါ။ ပရနယ်ဘက်၊ စိတ်အလျင် အလှမ်းဝေးရာနယ်ဘက်၊ ဝိဉာဉ်ဆိုင်ရာဘက်တွေကို စိတ်ဝင်တစား ရှိကြပါတယ်။ သူတို့ကို စော်ကားလာသူတွေရှိရင်လည်း သတ္တိရှိရှင် ရင်ဆိုင်ဖြေရှင်းတတ်သူတွေပါ။

(၁၂) High nose

ဒီနှာခေါင်းပိုင်ရှင်တွေကတော့ အနုပညာနဲ့ သုခုမပိုင်းကို ကျွမ်းကျင်တတ်ပါတယ်။ စိတ်ထားအလွန်နူးညံ့ ပျော့ပြောင်းကြသူတွေဖြစ်ပြီး၊ အများအားဖြင့်တော့ တစ်ယောက်တည်း စိတ်ကူးယဉ်နေရတာကို ပိုသဘောကျကြပါတယ်။ ဂီတ၊ သီချင်းနဲ့ စာပေနယ်ဘက်မှာ ပေါက်မြောက်တတ်ကြပါတယ်။ စိတ်ခံစားချက်ကို ဦးစားပေးလွန်းပေမယ့် ထစ်ကနဲ့ရှိ လွမ်းဟယ်ငိုဟယ် စရိုက်မျိုးတော့ မဟုတ်ပါဘူး။ ပင်ကိုယ်က တစ်ခုခုကို ဈာန်ဝင်နေရတာကို သဘောကျသူတွေပါ။

Ref ; BrightSide,CRD-လင်းဇော်ကို