နေပူထဲပင်ပင်ပန်းပန်းလုပ်နေရတဲ့ လမ်းလုပ်သား (၃၁) ယောက်အတွက် ကိုယ်တိုင်ကြာဇံကြော်ပြီး အာဟာရဒါနပြုခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုး

အလှူရေစက်လက်နဲ့မကွာခဲ့တဲ့ မန္တလေးက နာမည်ကြီးဒီဇိုင်နာမျိုးမင်းစိုးဟာ ဒီတစ်ခေါက်မှာလည်း အိမ်ရှေ့မှာအလုပ်လုပ်နေတဲ့ လမ်းလုပ်သား (၃၁) ယောက်စာအတွက် ကိုယ်တိုင်ကြာဇံကြော်ပြီး ဝေမျှပေးခဲ့ပါတယ်။ နေပူမရှောင် မိုးရွာမရှောင် ပင်ပင်ပန်းပန်း လုပ်ကိုင်နေရသူတွေအဖို့တော့ အရိပ်အောက်မှာ အေးအေးလူလူစားရတဲ့ အာဟာရတစ်နပ်စာဟာ တကယ့်ကိုအဖိုးတန်လွန်းပါ တယ်။

အလုပ်တွေမအားတဲ့ကြားထဲက စေတနာသန့်သန့်နဲ့ လမ်းလုပ်သားတွေကို စားစေချင်စိတ်ကြောင့် ကိုယ်တိုင်ဝင်ကြော်ပြီး ကြာဇံကြော်တွေအပြင် အအေးနဲ့ ရေသန့်ဗူးတွေပ် ထပ်မံလှူဒါန်းပေးခဲ့ပါသေးတယ်။ မိဘအပေါ်မှာလည်းသိတတ်သလို ချို့တဲ့သူတွေမြင်ရင်လည်း တတ်နိုင်သလောက်လှူဒါန်းပေးတဲ့စိတ်လေးဟာ တကယ်ကို လေးစားစရာပါ။

ပျော်ပျော်ရွှင်ရွှင်လှူဒါန်းခဲ့ရတဲ့ အမှတ်တရတွေကို ” အိမ်ရှေ့ကလမ်းလုပ်သား (၃၁) ယောက်စာ အတွက်ဒီနေ့တော့ကိုယ်တိုင်ကြော် ကျွေးသောကြာဇံကြော် အလုပ်တွေရှုပ်နေပေမယ့် ကိုယ်တိုင်လုပ်ရမှကျေနပ်တာမို့ အရသာကောင်းအောင် ဝင်ကြော်လိုက်ရပါသေး တယ်။ တခဏတာအဆာပြေသွားစေဖို့ စေသနာသန့်သန့်လေးနဲ့ကြာဇံကြော်၊အချိုရည်၊ရေသန့် တွေနဲ့ ကျွေးမွေးရတာကျေနပ်ပီတိ ဖြစ်ရပါတယ်။ ပေးကမ်းလှုဒါန်းနိုင်သော လက်တစ်စုံဖြစ်ပါရစေ။ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ သာဓုပါ ဒီဇိုင်နာကြီးရေ။ ဒီထက်မကလှူဒါန်းနိုင်ပါစေနော်။

Photo – Myo Min Soe,CRD-Happy – Cele Zone