မေမေနန်းမြတ်နဲ့ မေမေဒီးဒီတို့နှစ်ယောက်သား လူကြီးတွေဒိတ်ရင်း ကလေးတွေကိုလည်း ချစ်စရာအမှတ်တရပုံလေးတွေဓာတ်ဖမ်း ပေးခဲ့ပါတယ်။ ဂျက်ဂျက်လေးကလည်း မေမေနန်းမြတ်ဆင်ပေးတဲ့အမိုက်စားပုံလေးနဲ့ လူကြီးလေးလိုပုံစံဖြစ်နေသလို မေမေဒီးဒီလက်ရာနဲ့ မင်းသမီးလေးလို ချစ်ဖို့ကောင်းနေတဲ့ ထရက်ရှာတို့ရဲ့ပုံလေးတွေဟာ အရမ်းကိုချစ်ဖို့ကောင်းလွန်းပါတယ်။
ဖြူစင်တဲ့ကလေးလေးနှစ်ယောက်ရဲ့ အသည်းယားစရာပုံလေးတွေဟာ ပရိသတ်တွေကို အချစ်ပိုစေခဲ့ပါတယ်။ ကလေးနှစ်ယောက် ကို သိပ်ချစ်ကြတဲ့မှတ်ချက်တွေအများအပြားပေးခဲ့ ကြပါတယ်။ မေမေနှစ်ယောက်လည်း Live လွှင့်ပြီး ပရိသတ်တွေကို ကလေးတွေ အကြောင်း ပြောပြခဲ့ပါသေးတယ်။
ချစ်စရာကလေးလေးနှစ်ယောက်ရဲ့ ပုံလေးတွေကို ” ရှူး လူကြီးတွေကိုပြန်မတိုင်နဲ့နော်.. ကျနော်ကောင်မလေးနဲ့ချိန်းတွေ့တာဗျ ” ဆိုပြီး မေမေနန်းမြတ်က ဝေမျှခဲ့ပါတယ်။ ဂျက်လေးနဲ့ ထရက်ရှာလေးတို့နှစ်ယောက်သားကတော့ ကစားဖော်ကစားဖက်ရသွားပြီမို့ ပျော်မဆုံးဖြစ်နေ တော့မှာ အသေအချာပါပဲ။ ချစ်စရာကလေးလေးတွေရဲ့ ကြည်နူးစရာပုံလေးတွေကို ဝေမျှပေး လိုက်ပါတယ်။
Photo – Nann Myat Phyo Thin,CRD-Happy – Cele Zone