ပညာမတတ်လို့ သိမ်ငယ်ခဲ့ရတဲ့ သူမဘဝရဲ့ခါးသီးတဲ့နေ့ရက်တွေအကြောင်း သတိတရနဲ့ ပြောပြလာတဲ့ ထက်ထက်မိုးဦး

သူမရဲ့ဘဝဇာတ်ကြောင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုအမြဲတမ်း ပွင့်ပွင့်လင်းလင်း အသိပေးတတ်တဲ့ ပရိသတ်အချစ်တော် ထက်ထက်မိုးဦးဟာ သူမရဲ့ရင်တွင်းခံစားချက်တွေကို အမြဲလိုလို ပရိသတ်တွေစီ ရင်ဖွင့်လေ့ရှိပါတယ်။ ကိုယ်တိုင်က ပညာတွေ အများကြီးမတတ်ခဲ့လို့ သမီးလေးကိုတော့ ပညာတတ်ကြီးဖြစ်စေချင်တဲ့ဆန္ဒကိုလည်း ပြောပြခဲ့ပါသေးတယ်။

ခါးသီးခဲ့တဲ့နေ့ရက်တွေကိုကျော်ဖြတ်နိုင်ခဲ့တဲ့ အမှတ်တရလေးတွေကိုတော့ ” ဘဝမှာ ပညာမတတ်ခဲ့တာက မျက်နှာငယ် အားငယ်ခဲ့ ရတာတွေ အမှတ်ရစရာတွေအများကြီးပဲ။ ဥပမာ စာမတတ်လို့ Facebook ဆိုတာ ကြားသာ ကြားခဲ့ရပြီး မသုံးတတ်ခဲ့ရဘူး သူများပြောတာ ကြည့်တာပဲ နားထောင်ခဲ့ရတယ်။ သုံးဖို့လည်း အကြိမ်ကြိမ်ကြိုးစားခဲ့တယ် မအောင်မြင်ခဲ့တာလည်း အကြိမ်ကြိမ် ပါပဲ။ ”

” အားလုံးကူညီပေးမှုတွေနဲ့ ထက် Facebook သုံးတတ်ခဲ့တာ ဒီသီတင်းကျွတ်က (၁) နှစ်ပြည့် တယ်ဆိုတော့ ခုဆို (၁) နှစ်ကျော် သွားပြီပေါ့နော်။ အားလုံးရဲ့ ချစ်ခင်ဖေးမမှုတွေနဲ့ ထက်အလုပ် တွေ ကြိုးစားနေရပါတယ်။ ချစ်ရသူတွေရဲ့ကျေးဇူးတွေကို ဘယ်တော့မှ မမေ့ပါဘူး။ ထက်အမြဲ ချစ်ရသူတွေအတွက် ကြိုးစားနေပါ့မယ်။ ” ဆိုပြီး ရင်ဖွင့်လာခဲ့ပါတယ်။ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ပရိသတ်တွေကတော့ ထက်ထက်ကိုချစ်နေဦးမှာပါပဲ။

Photo – Htet Htet Moe Oo,CRD-Happy – Cele Zone