ဒီနေ့ခေတ်မှာ လူရယ်စရာဖြစ်ကောင်းဖြစ်နိုင်တဲ့ ရှေးယခင်က တီထွင်ဖန်တီးမှုကြီးများ

တီထွင်မှုတွေဆိုတာ ကမ္ဘာဦးလူသားတွေကအစ မျက်မှောက်ခေတ်မှာ နေထိုင်တဲ့လူသားတွေအဆုံး မရိုးနိုင်သော လုပ်ငန်းစဉ်ကြီး ဖြစ်ပါတယ်။ ရှေးယခင်က အမဲလိုက်ရာမှာ လွယ်ကူဖို့ ကျောက်လက်နက်တွေကနေ သံ၊ ကြေး လက်နက်တွေ တစစ တီထွင်ခဲ့ကြသလို၊ ယနေ့လို နည်းပညာမြင့်မားတဲ့ အချိန်မျိုးမှာလည်း ပိုပြီး သက်တောင့်သက်သာရှိစေမယ့် ဘဝတွေကိုရဖို့ တီထွင်မှုတွေက မရပ်နားကြပါဘူး။ အခု ဖော်ပြချင်တာကတော့ ဒီနေ့ခေတ်မှာ လူရယ်စရာဖြစ်ကောင်းဖြစ်နိုင်တဲ့ ရှေးယခင်က တီထွင်ဖန်တီးမှုကြီးတွေအကြောင်းပါ။

(၁) လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀၀)လောက်က စာကြည့်တိုက်မှာ သုတေသနပညာရှင်တွေသုံးတဲ့ စာအုပ်(၇)အုပ် တစ်ခါတည်း ကြည့်နိုင်တဲ့ဘီး (Palafoxiana Library, Puebla)

(၂) နှစ်ပေါင်း (၃၅၀)သက်တမ်းရှိ ကိုလံဘီယာမြကျောက်နဲ့ ပြုလုပ်ထားသည့် အိတ်ဆောင်နာရီ

(၃) နယူးယောက်မြို့ Holland ဥမင်အတွင်းမှာ တပ်ဆင်ခဲ့သည့်၊ မြန်နှုန်းမြင့်ကားတွေကို ဖမ်းဆီးဖို့ တီထွင်ထားတဲ့ ရထားငယ်လေး (၁၉၅၅ ခုနှစ်)

(၄) မော်စကို ကုန်ပစ္စည်းအရောင်းပြပွဲမှာ ပြသခဲ့တဲ့ ကန်နိုင်ငံထုတ် ပထမဆုံး ဖုန်စုပ်စက်Robo-Vac (၁၉၅၉ ခုနှစ်)

(၅) ပဲရစ်မော်တော်ကားအရောင်းပြပွဲမှာ တွေ့ရတဲ့ တစ်စီးတည်းသာထုတ်လုပ်ခဲ့သည့် Delahaye 175s Roadster မြန်နှုန်းမြင့်ကား (၁၉၄၉ ခုနှစ်) (နောက်ပိုင်းမှာ ဒေါ်လာ(၅)သန်းဖြင့် လေလံအောင်ခဲ့သည်)

(၆) ရုပ်မြင်သံကြားခေတ်ကို ဦးဆောင်ခဲ့သည့် Philco Predicta TV (1950 ခုနှစ်)

(၇) Motorola ကုမ္ပဏီဒုတိယဥက္ကဋ္ဌ John F. Mitchell ကို ရေဒီယိုတယ်လီဖုန်းအလန်းစားနဲ့အတူ တွေ့ရစဉ် (၁၉၇၃ ခုနှစ်)

(၈) ဒုစစ်အတွင်း မြေပြင်အနေအထားတွေကို ထောက်လှမ်းဖို့သုံးတဲ့ လေယာဉ်တင် Kodak K-24 Camera

(၉) ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ တည်ဆောက်ခဲ့တဲ့ Telefontornet တယ်လီဖုန်းတာဝါ။ ဖုန်းလိုင်း (၅၅၀၀) ဝင်ဆန့်ပါတယ်။ (c. 1890 ခုနှစ်)

(၁၀) Rail Zeppelin နဲ့ ရေနွေးငွေ့ရထားတို့ ဘာလင်မြို့ဘူတာကြီးတွင် အတူယှဉ်ရပ်ထားစဉ် (၁၉၃၁ ခုနှစ်)

(၁၁) အမေရိကန် မန်တိုနာပြည်နယ်က တယ်လီဖုန်းအော်ပရေတာမလေး ကန်-အိန္ဒိယကပြားဟယ်လင် (၁၉၂၅ ခုနှစ်)

(၁၂) ကမ္ဘာ့အပါးလွှားဆုံး တီဗွီကို ချီကာဂိုမြို့ Home Furnishings Market မှာ ပြသစဉ်က (၄ လက်မ အထူရှိသည်) (၁၉၆၁ ခုနှစ်)

 

(၁၃) ပထမဆုံး ရေဒီယိုစမြင်ဖူးသည့် ဆိုဗီယက်လယ်သမားများ (၁၉၂၈ ခုနှစ်)

(၁၄) ဓာတ်ဆီထည့်မောင်းရသည့် မော်တာအင်ဂျင်တပ်စကိတ် (၁၉၆၁ ခုနှစ်)

(၁၅) FBI ဌာနချုပ်မှ လက်ဗေနမူနာများ ထားရှိရာနေရာ (၁၉၄၄ ခုနှစ်)

(၁၆) ဂျာမနီက တီထွင်ခဲ့သည့် တစ်ဘီးတပ်မော်တော်ဆိုင်ကယ် (၁၉၂၅ ခုနှစ်)

(၁၇) Hindenburg လေသင်္ဘောကြီး စတင်တည်ဆောက်စဉ်က (၁၉၃၂ ခုနှစ်)

(၁၈) ပထမဆုံး ကွန်ပျူတာမောက်စ် (၁၉၆၈ ခုနှစ်)

(၁၉) ပထမဆုံး တစ်ကိုယ်ရေတီဗွီကြည့်စက် (၁၉၆၀ ခုနှစ်)

(၂၀) စက်ဘီးစကိတ် (၁၉၆၀ ခုနှစ်)

(၂၁) ပထမဆုံး နှစ်ဆကျယ် Jay Ohrberg’s ‘Double Wide’ Limousine ကား

(၂၂) 5MB ပမာဏဝင်ဆန့်တဲ့ မှတ်ဉာဏ်စက်ကို လေယာဉ်ပေါ်မှာ တပ်ဆင်ဖို့ ပြင်ဆင်နေပုံ (၁၉၆၅ ခုနှစ်)

(၂၃) ရေဒါမတီထွင်နိုင်သေးခင်က ရန်သူ့တိုက်လေယာဉ်တွေရဲ့အသံကို နားထောင်ဖို့ ဧရာမ အသံပြောင်းကြီး (၁၉၂၁ ခုနှစ်)

(၂၄) တစ်ခါပစ်ရင် တောဘဲ အကောင်(၅၀)လောက် ထိမှန်နိုင်သည့် Punt Gun (၁၈၆၀ ခုနှစ်မှာပဲ ပိတ်ပင်ခဲ့သည်)

Ref ; BoredPanda,CRD-လင်းဇော်ကို