ဂေဟာကသားသမီးတွေအကုန်လုံးကို ခရစ္စမတ်ဝတ်စုံလေးဆင်မြန်းပေးပြီး ကလေးတွေနဲ့အတူ ပျော်နေတဲ့ မေမေခိုင်နှင်းဝေ

မတစ်ထောင်သားသမီးတွေကို ကျောသားရင်သားမခွဲခြားဘဲ မေတ္တာအစစ်အမှန်နဲ့ ချစ်ခင်ယုယပေးနေတဲ့ ကလေးတို့မေမေ ခိုင်နှင်းဝေဟာ သူမရဲ့သားသမီးအယောက် (၃၀) ကျော်နဲ့အတူ ခရစ္စမတ်နေ့လေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပါတယ်။ ချစ်စရာကလေးလေးတွေဟာ ခရစ္စမတ်ဝတ်စုံဆင်တူလေးတွေနဲ့ အရမ်းကိုပျော်နေခဲ့တာပါ။

အေးချမ်းတဲ့အရိပ်အမြုံတစ်ခုကိုဖန်တီးပေးခဲ့ပြီး ရင်ခွင်မဲ့နေတဲ့ကလေးတွေအတွက် မေတ္တာပေးခဲ့တဲ့ အာဂအမျိုးသမီးတစ်ယောက် ပါ။ သားသမီးတစ်ယောက်ကိုတောင် ပျိုးထောင်ရတာခက်ခဲပေမယ့် မေမေခိုင်နှင်းဝေကတော့ သတ္တိရှိရှိနဲ့ ဒုက္ခရောက်နေတဲ့ ကလေးတွေကို ခေါ်ယူစောင့်ရှောက်ပေးခဲ့ပါတယ်။

အပြစ်ကင်းတဲ့ချစ်စဖွယ်ကလေးတွေဟာ မေမေ့ရဲ့မေတ္တာရိပ်မှာလုံခြုံအေးချမ်းနေခဲ့တယ် ဆိုတာ ဒီပုံလေးတွေကသက်သေပါပဲ။ ဘယ်လိုဝေဖန်တိုက်ခိုက်မှုတွေပဲရှိလာပါစေ မေမေခိုင်နှင်းဝေကတော့ ကူကယ်ရာမဲ့နေတဲ့ အပြစ်မဲ့ကလေးတွေနဲ့ဘဝကို သတ္တိရှိရှိနဲ့ ကယ်တင်နေဦးမယ်ဆိုတာ အသေအချာပါပဲ။

Photo – Khine Hnin Wai,CRD-Happy – Cele Zone