ဆံသဆရာရဲ့ကျေးဇူးကြောင့် (၁၀)နှစ်လောက်က ကွဲနေတဲ့မိသားစုနဲ့ ပြန်ဆုံခဲ့တဲ့အိမ်ရာမဲ့ကြီး

အိမ်ရာမဲ့အဖြစ် ခြေသလုံးအိမ်တိုင် လျှောက်သွားနေတဲ့ João Coelho Guimarães အမည်ရ အမျိုးသားဟာ သူ့မှာ ဆံပင်မုတ်ဆိတ်တွေ ရှုပ်ပွနေလို့ ဆံသဆိုင်တစ်ခုဆီကိုသွားပြီး ဘလိတ်ဓားတောင်းခဲ့ပါတယ်။ ဆံသဆရာက သူ ညှပ်ပေးမယ့်အကြောင်း ပြောပြီး၊ အံ့မခန်းလောက်စရာ ပုံစံကို ပြောင်းပေးလိုက်ပါတယ်။

ဒါတင်မကသေးဘဲ ရှပ်အင်္ကျီ(၃)ထည်၊ ဘောင်းဘီတစ်ထည်နဲ့ ဂျက်ကတ်တစ်ထည်ပါ လက်ဆောင်ပေးလိုက်ပါတယ်။ ဆံသဆရာ Alessandro ဟာ UOL အမည်ရ ပလက်ဖောင်းပေါ်မှာ Coelho ရဲ့ပုံတွေကို တင်လိုက်ရာကနေ နာမည်ကြီးသွားပြီး၊ Coelho ရဲ့ မိသားစုဝင်တွေက သိသွားပါတယ်။ သူတို့ဟာ Coelho ကွယ်လွန်တာ ကြာပြီလို့ ထင်နေကြတာပါ။ အခုတော့ ဆံသဆရာရဲ့ကျေးဇူးကြောင့် ဆယ်နှစ်လောက် ကွဲကွာပြီး သူတို့တစ်တွေ ပျော်ရွှင်စာ ပြန်ဆုံခဲ့ရပါပြီ။

(၁)

(၂)

(၃)

(၄)

(၅)

(၆)

(၇)

(၈)

(၉)

(၁၀)

(၁၁)

(၁၂)

(၁၃)

(၁၄)

Ref ; BoredPanda,CRD-လင်းဇော်ကို