ပင်စင်ငွေလေးထုတ်ပြီးတာနဲ့ ဂေဟာကိုတန်းပြီးလာလှူပေးတဲ့ အသက် (၈၂) နှစ်အရွယ် အဘိုးကြောင့် ပီတိဖြစ်ခဲ့ရတဲ့ မေမေခိုင်နှင်းဝေ

စေတနာဆိုတာလူတိုင်းမှာဖြစ်ပေါ်တတ်ပေမယ့် တကယ်လက်တွေ့အလှူအတန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ကတော့ စိတ်ရောကိုယ်ပါထက်သန်မှဖြစ်မယ့်အရာမျိုးပါ။ အသက် (၈၂) နှစ်အရွယ် အဘိုးတစ်ယောက်ကတော့ သူ့ရဲ့ပင်စင်ငွေလေးတွေကို ထုတ်ပြီးပြီးချင်းမှာပဲ ခိုင်နှင်းဝေရဲ့ဂေဟာလေးကို လာရောက်လှူဒါန်းသွားခဲ့တာဖြစ်ပါတယ်။

သဒ္ဓါတရားကြီးမားလာတဲ့အချိန်မှာ လက်ထဲတတ်နိုင်သလောက်ငွေကြေးတွေကို စိတ်စေတနာ သန့်သန့်နဲ့လှူဒါန်းတတ်ကြပါတယ်။ ပင်စင်ရတဲ့ငွေတစ်သိန်းဟာ အတိုင်းအတာတစ်ခုထိ ပြေလည်သွားမယ့်ငွေကြေးဖြစ်ပေမယ့် အဘကတော့ ကလေးတွေအပေါ် မေတ္တာထားပြီး လာရောက်လှူဒါန်းပေးခဲ့တာပါ။

ဒီလိုပီတိဖြစ်စရာအလှူလေးကို ” ပင်စင်ထုတ်ပီးတာနဲ့ တန်းလာလှူပေးတဲ့ အသက် (၈၂) နှစ် အဘိုးရဲ့အလှုလေးပါရှင် ကလေးတွေ အပေါ် ချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သာဓု သာဓု သာဓု ပါရှင် ” ဆိုပြီး ကလေးတို့မေမေခိုင်နှင်းဝေက ကျေးဇူးတင် စကားဆိုခဲ့ပါတယ်။

 

Photo – Khine Hnin Wai,CRD-Happy – Cele Zone